ကရင်ပြည်နယ်

ဘားအံမြို့နယ် နွေရာသီရှမ်းစာပေနှင့်ယဉ်ကျေးမှု သင်တန်းဆင်း

ရှမ်းစာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီရှမ်းစာပေနှင့်ယဉ်ကျေးမှု သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၈ နာရီက ဘားအံမြို့နယ်၊ မိန်းမလှကျွန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပသည်။

မြဝတီမြို့၌  ၂၀၂၄-၂၀၂၅  ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် “ ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ပညာရေးကဏ္ဍကို အဆင့်မြှင့်တင်ဖော်ဆောင်ပေးလျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်း၌ ယနေ့နံနက်၈နာရီက ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ကျင်းပခဲ့ရာ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile စနစ်ဖြင့် စာအုပ်စောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက  မြို့ပေါ်ရပ်ကွက်သို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

သံတောင်ကြီးဒေသထွက် ပေါ်ဦးပေါ်ဖျား  ဒူးရင်းသီးများ  ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ သက်မွေးဝမ်းကျောင်းလုပ်ငန်းဖြင့် ဉယျာဉ်ခြံလုပ်ငန်းကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းအနေနှင့်နှစ်ရှည်သီးနှံဖြစ်သည့် ဒူးရင်းသီးပင်များ စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ယခုနှစ်တွင် သံတောင်ကြီးဒေသထွက် ပေါ်ဦးပေါ်ဖျား ဒူးရင်းသီးများ  ဈေးကောင်းရရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်   မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က သံတောင်ကြီးမြို့  အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ကျင်းပ

၂၀၂၄ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား၊အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၅) ရပ်ကွက်၊ ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ ပြည်နယ်ဖူဆယ် အားကစားခန်းမ၌ ကျင်းပခဲ့သည်။

ပိုင်ကျုံမြို့ အမှတ်(၄)ရပ်ကွက်‌ရှိ တနင်းဖလုံလမ်းသွယ်(၁)အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေးနှင့် မြို့သာယာလှပ‌ရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ မေလပထမပတ်တွင်  ပိုင်ကျုံမြို့ အမှတ် (၄)ရပ်ကွက်ရှိ တနင်းဖလုံလမ်းသွယ်(၁)အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ မေလ  ၃၀ ရက်နေ့တွင် ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

ကော့ကရိတ်မြို့  ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊‌ ကော့ကရိတ်ခရိုင်၊ ကေ့ာကရိတ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ခရိုင်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားကို “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ယမန်နေ့ နံနက် ၉း၀၀ နာရီ အချိန်က ကေ့ာကရိတ်မြို့နယ် အ.ထ.က(၂) အခြေခံပညာအထက်တန်းကျောင်း၌  ကျင်းပပြုလုပ်ခဲ့သည်။

မြဝတီမြို့၌ ၂၀၂၄-၂၀၂၅ ခုနှစ်  မိုးရာသီတွင် စိုက်ပျိုးရန်အတွက် ကော်ဖီ ပျိုးပင်များနှင့်  ပိုက်ဆံလျှော်မျိုးစေ့ တောင်သူများသို့ ပေးအပ်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး တောင်သူများအား ၂၀၂၄-၂၀၂၅  ခုနှစ် မိုးရာသီတွင် စိုက်ပျိုးရန်အတွက် ကော်ဖီပျိုးပင်များနှင့်  ပိုက်ဆံလျှော် မျိုးစေ့များ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး၌ ကျင်းပခဲ့ရာ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ကြသည်။

သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအပ်နှံခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းနေရွယ်ကလေးများအားလုံး ပညာသင်ခွင့်ရရှိရေးအတွက် မေလ ၂၃ ရက်နေ့မှစပြီး ကျောင်းအပ်နှံလက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်တွင်  ကျောင်းအပ်နှံခြင်းလုပ်ငန်းများ ဆက်လက်အပ်နှံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်