ပိုင်ကျုံ မေ ၃၀
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးနှင့် မြို့သာယာလှပရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ မေလပထမပတ်တွင် ပိုင်ကျုံမြို့ အမှတ် (၄)ရပ်ကွက်ရှိ တနင်းဖလုံလမ်းသွယ်(၁)အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ မေလ ၃၀ ရက်နေ့တွင် ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းသည် အရှည်(၄၇၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မရှိပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ကရင်ပြည်နယ်၊အစိုးရ အဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေ ကျပ် (၁၉.၉၉၀)သန်းဖြင့် ပိုင်ကျုံမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်၍ ရပ်ကွက်နေပြည်သူများအနေဖြင့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေလာပြီဖြစ်ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)