သံတောင်ကြီး မေ ၂၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းနေရွယ်ကလေးများအားလုံး ပညာသင်ခွင့်ရရှိရေးအတွက် မေလ ၂၃ ရက်နေ့မှစပြီး ကျောင်းအပ်နှံလက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်တွင် ကျောင်းအပ်နှံခြင်းလုပ်ငန်းများ ဆက်လက်အပ်နှံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျောင်းအပ်နှံလက်ခံခြင်းကို အသက်(၅)နှစ် အရွယ်ကလေးများ KG တွင် အပ်နှံ၍ (၆)နှစ် အရွယ်ကလေးများကို ပထမ (Grade-1) သို့ အပ်နှံရမည်ဖြစ်ပြီး ကျောင်းအပ်နှံရာတွင် မည်သည့် အခကြေးငွေများ ပေးသွင်းရန်မလိုဘဲ ကျောင်းသုံးပုံနှိပ်စာအုပ်မျာ၊ ခဲတံများကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ကျောင်းအပ်လက်ခံခြင်းကို မေလ (၂၃) ရက်နေ့မှ ဇွန်လ(၂) ရက်နေ့အထိ ကျောင်းအပ်နှံ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဇွန်လ(၃)ရက်နေ့မှ စတင်ကာ ကျောင်းသင်ခန်းစာများ သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နော်နော်မူ