သံတောင်ကြီးမြို့၊ ဘုရင့်နောင်အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပပြုလုပ်
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကျောင်းသူ/ကျောင်းသားများ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်လာစေရန်နှင့် မေးမြန်းဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရှိလာစေရန် မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က သံတောင်ကြီးမြို့ ဘုရင့်နောင်တပ်နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။