နေပြည်တော် ဇွန် ၁၁
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ထုတ်ပြန်ကြေညာခဲ့သည်။
ထိုသို့ အောင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် ကရင်ပြည်နယ်ရှိ ကော့ကရိတ်မြို့နယ် စာစစ်ဌာန၌ စုစုပေါင်း ၂၆၇ ဦးအနက် အောင်မြင်သူ ၁၃၉ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၂ ဒသမ ၀၆၊ မြဝတီမြို့နယ် အထက(၁)စာစစ်ဌာန၌ စုစုပေါင်း ၂၉၄ ဦးအနက် အောင်မြင်သူ ၂၇ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၉ဒသမ ၁၈၊ လိပ်သိုမြို့နယ် အထက(၁)စာစစ်ဌာန၌ စုစုပေါင်း ၈ ဦးအနက် အောင်မြင်သူ ၈ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၀ ရာခိုင်နှုန်း၊ ဘားအံမြို့နယ်ရှိ စာစစ်ဌာန(၇)ခုတွင် စုစုပေါင်း ဖြေဆိုသူ ၂၁၈၂ ဦးတွင် အောင်မြင်သူ ၁၀၀၈ ဦး၊ လှိုင်းဘွဲမြို့နယ်ရှိ စာစစ်ဌာန(၃)ခု၌ စုစုပေါင်း ၃၀၁ ဦးအနက် အောင်မြင်သူ ၁၄၃ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၇ ဒသမ ၅၁ ရာခိုင်နှုန်းအောင်မြင်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပညာရေးမှူးရုံးတို့တွင် ကြေညာထားရှိသည့်အပြင် Online မှလည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
R&D
