ဈေးကွက်ဝယ်လိုအားကောင်းသည့် ကော်ဖီသီးနှံကို ကရင်ပြည်နယ်တွင် ဧက ၁၀၀၀ တိုးချဲ့စိုက်ပျိုးမည်
ကော်ဖီသီးနှံမှာ တန်ဖိုးမြှင့်သီးနှံတစ်မျိုးဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်မှုပမာဏအရ ရောင်းဝယ်မှုအများဆုံးကုန်စည် စာရင်းတွင်ပါဝင်သည့်အတွက် ဈေးကွက်ဝယ်လိုအားကောင်းသော ကော်ဖီသီးနှံကို ကရင်ပြည်နယ်တွင် ဧက ၁၀၀၀ တိုးချဲ့စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း ဇွန်လ ၁၅ ရက်နေ့နံနက် ၈ နာရီက ဘားအံမြို့နယ် အုန်းတပင် ကျေးရွာအုပ်စု၊ ဗျိုင်းတောင်ကျေးရွာ၌ကျင်းပသည့် ကော်ဖီပျိုးပင်ထောက်ပံ့ပေးအပ်ခြင်းနှင့် ကော်ဖီပင်စုပေါင်းစိုက်ပျိုးပွဲအခမ်းအနားမှ သိရသည်။