သံတောင်ကြီးမြို့နယ် ဘုရင့်နောင် အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ ကျောင်းသူ ကျောင်းသားများ စာကြည့်တိုက်နှင့် ရင်းနီးကျွမ်းဝင်စေရန်၊ စာဖတ်ခြင်းအလေ့အကျင့်ကောင်းများရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးတို့နှင့် ပူးပေါင်းပြီး စာရေးဆရာတက်တိုး၏ စာဖတ်စည်းစိမ်စာအုပ်အား ယမန်နေ့နေ့လည်(၁) နာရီအချိန်က ဘုရင့်နောင် အခြေခံပညာအထက်တန်းကျောင်းရှိ စာကြည့်တိုက်ခန်းမအတွင်းတွင် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။