ကရင်ပြည်နယ်

လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကလေးငယ်များအား ကူးစက်ရောဂါများမှ ကာကွယ်နိုင်ရန် ယနေ့နံနက် ၉ နာရီကစတင်၍ လစဉ်ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို အမှတ်(၄)ရပ်ကွက်ရှိ တိုက်နယ်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဆေးစိမ်ခြင်ထောင်များ ထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ ကျန်းမာရေးနှင့်အညီ နေထိုင်ရေးနှင့် ခြင်အန္တရာယ်နှင့်ပတ်သက်သော ရောဂါအန္တရာယ်များနှင့် ကာကွယ်နိုင်ရေးအတွက် ဆေးစိမ်ခြင်ထောင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဘားအံတက္ကသိုလ်၌ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်၌ ယာဉ်မတော်တဆ ဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ အသက်ဆုံးရှုံးမှု၊ လူမှုဘဝဆုံးရှုံးမှုများ လျော့နည်းစေရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ကျောင်းသား/ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀:၀၀)နာရီက ဘားအံတက္ကသိုလ် (ဘားအံပညာ့ရိပ်သာ) ခန်းမတွင် ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေး၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ဆရာ / ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဝန်ထမ်းများ စုစုပေါင်း(၃၂၇)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ကမမောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ အ.ထ.က-ကမမောင်း အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက်ပိုင်း၌ ကမမောင်းမြို့တပ်မမှူး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့ အုပ်ချုပ်ရေးမှူးတို့ဦးဆောင်၍ ကျောင်းဝန်းအတွင်းအပြင်ရှိ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စုပေါင်းအမှိုက်ကောက်ခြင်းများ ပြုလုပ်ခဲ့သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရှမ်းရွာသစ်မြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် တောင်ပေါ်ဒေသဖြစ်၍ မိုးရာသီကာလတွင် တောင်ကျရေများစီးဆင်းမှုကြောင့် မြေပြိုခြင်းနှင့် ရေကြီးမှုများ ဖြစ်ပေါ်တတ်သဖြင့် ကျောင်းသား/သူများ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင် ရှမ်းရွာသစ်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အသက်နှစ်နှစ်အောက် ကလေးငယ်များ ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်နှင့် ကျန်းမာရေးကောင်းမွန်ပြီး ဉာဏ်ရည်ထက်မြက်စေရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက်(၉)နာရီအချိန်က ကျေးလက်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

လှိုင်းဘွဲမြို့နယ်တွင် (၁၀၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်းအမှတ် စာဖတ်ဝိုင်း ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစုလီမိတက်အဖွဲ့ဝင်များက (၁၀၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ဆောင်ရွက်ခဲ့သည်။

သံတောင်ကြီးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ဆုံဆို့-မေးခိုင်ကာကွယ်ဆေး (DT) ထိုးနှံ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျမ်းမာရေးဌာနမှဝန်ထမ်းများက အခြေခံပညာ အထက်ကျောင်းတွင် အသက် (၇) နှစ်အောက် KG ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့-မေးခိုင် ကာကွယ်ဆေး (DT) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

မီးဘေးသင့်အိမ်ထောင်စုများအား ​​ထောက်ပံ့​ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး ပေးအပ်

​ကော့ကရိတ်မြို့တွင် အကြမ်းဖက်သောင်းကျန်းသူများကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့သည့် ပြည်သူများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီတွင် ဒေါနခန်းမ၌ ထောက်ပံ့ငွေများနှင့် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်