ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးငွေနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေချောင်း ရေများ မြင့်တက်လာပြီး အနိမ့်ပိုင်းလူနေရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်လာကာ ဆက်လက်နေထိုင်ရန်မသင့်တော် တော့သည့်အတွက် ယာယီရေဘေးကယ်ဆယ်ရေး စခန်းများဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချထားပေးခဲ့ရာ ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ရေဘေးသင့်ပြည်သူများအား သွားရောက် တွေ့ဆုံအားပေး၍ စားသောက်ကုန်ပစ္စည်းများနှင့်ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။