ကရင်ပြည်နယ်

လှိုင်းဘွဲမြို့နယ်၌ မိုးသည်းတန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် အာရှကားလမ်းမပေါ်ရှိ တံတား (၂) စင်း ပြိုကျပျက်စီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ မိုးများအဆက်မပြတ် သည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ပိုင်ကျုံမြို့၊ ကြက်တူရွေးကျေးရွာအုပ်စု ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ် (တံတားကျိုး) အာရှကားလမ်းမကြီးပေါ်ရှိ ဘုရားကုန်းကျေးရွာအနီး တံတားအမှတ် (၃/၂၂)၊ အရှည် (၂၀) ပေ၊ အကျယ် (၃၀) ပေ၊ အမြင့် (၁၀) ပေရှိသော သံကူကွန်ကရစ်တံတား (၁) စင်းနှင့် ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး) အာရှကားလမ်းမကြီးပေါ်ရှိ ကြက်တူရွေးကျေးရွာအုပ်စု၊ ကွန်းစုကျေးရွာ နှင့် ကော့ကျားမကော်ကျေးရွာအကြား တံတားအမှတ် (၁/၂၃)၊ အရှည် (၁၀) ပေ၊ အကျယ် (၃၀ပေ)၊ အမြင့် (၁၀) ပေရှိသော သံကူကွန်ကရစ် တံတား (၁) စင်း၊ စုစုပေါင်း တံတား (၂) စင်းတို့မှာ တောင်ကျရေတိုက်စားမှုတို့ကြောင့် ဇူလိုင်လ (၂၅) ရက်နေ့ည (၇) နာရီခွဲအချိန်က ပြိုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးနိုင်ရေး လိုက်လံကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ် (၇၅၀စင်တီမီတာ)အထက်သို့ ကျော်လွန်ရောက်ရှိလာပြီး ဘားအံမြို့ရှိ မြေနိမ့်ပိုင်းလူနေရပ်ကွက်များအတွင်းသို့ မြစ်ရေများ ဝင်ရောက်လာသည့်အတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ရေဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးနိုင်ရေး လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးနိုင်ရေး လိုက်လံကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေသည် စိုးရိမ် ရေမှတ် (၇၅၀စင်တီမီတာ)အထက်သို့ ကျော်လွန်ရောက်ရှိလာပြီး ဘားအံမြို့ရှိ မြေနိမ့်ပိုင်းလူနေရပ်ကွက်များအတွင်းသို့ မြစ်ရေများ ဝင်ရောက်လာသည့်အတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ရေဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ် ပေးနိုင်ရေး လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဘားအံမြို့၌ သံလွင်မြစ်ရေမြင့်တက်၍ ပြည်သူ(၁၀၀၀)ကျော်အား ယာယီရေးဘေးကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရာချထားပေး

ကရင်ပြည်နယ်၊ ဘားအံမြို့၌ သံလွင်မြစ်ရေသည် ယနေ့နံနက်ပိုင်းတွင် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၈၅၃ စင်တီမီတာသို့ ရောက်ရှိနေပြီး လူနေရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်လာရာ ယနေ့နံနက်ပိုင်းက ရပ်ကွက်နေပြည်သူအချို့ ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေထိုင်ကြပြီး ရေလွှမ်းမိုးခံပြည်သူများအား တာဝန်ရှိသူတို့က ကူညီနေရာချထားပေးလျက်ရှိကြောင်း သိရသည်။

ကမမောင်းမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့နှင့် အခြေခံပညာ စာသင်ကျောင်းများအတွင်းသို့ ရေများဝင်ရောက်လျက်ရှိ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေလျှံတက်လျက်ရှိပြီး မြေနိမ့်ပိုင်းရပ်ကွက်များရှိ လူနေအိမ်များနှင့် စာသင်ကျောင်း အတွင်းသို့ ရေများ စတင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် လူငယ်ရေးရာနှင့်ပတ်သက်သောအကြောင်းအရာများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်၏ သဘာဝကိုအခြေခံသည့်ခရီးသွားလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်း

ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၅/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။

လှိုင်းဘွဲမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် အာရှကားလမ်းမပေါ်ရှိ တံတားချဉ်းကပ်လမ်း ပြိုကျပျက်စီးမှုဖြစ်ပွား

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌   မိုးများအဆက်မပြတ် သည်းထန်စွာရွာသွန်းပြီး တောင်ကျရေ စီးဆင်းမှုကြောင့် ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်တွင် ပိုင်ကျုံမြို့ နောင်ခွီးကျေးရွာအုပ်စု  ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး)အာရှလမ်းမကြီးပေါ်ရှိ သောက်တော်ကျေးရွာအနီး တံတားအမှတ် (၂/၃၃)၊ အရှည်(၁၂၀)ပေ၊ အကျယ်(၃၀)ပေ၊ အမြင့်(၁၅)ပေ ရှိသော သံကူကွန်ကရစ်တံတား၏ ချဉ်းကပ်လမ်း စုစုပေါင်း(၅၀)ပေခန့် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာနေအိမ်များ ရေဝင်နစ်မြုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ မိုးများအဆက်မပြတ်သည်းထန်စွာ ရွာသွန်းနေမှုကြောင့် မြို့ပေါ်ရပ်ကွက်အများစုနှင့် ကျေးရွာများအတွင်းရှိ နေအိမ်အများစုမှာ ရေဝင်နစ်မြုပ်မှု ဖြစ်ပွားသည့်အတွက် ရေဘေးသင့်ပြည်သူများအား နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက ရေဘေးရှောင်စခန်းများသို့ ယာယီပြောင်းရွှေ့ပေးလျက်ရှိကြောင်း သိရသည်။

ကေ့ာကရိတ်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရှိ လူနေအိမ်များနှင့်စာသင်ကျောင်းများသို့ ရေများဝင်ရောက်

ဇူလိုင်လ ၂၀ ရက်နေ့မှစတင်၍ နေ့စဉ်မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ဟောင်သရောမြစ်ရေလျှံတက်လျက်ရှိပြီး မြေနိမ့်ပိုင်းရပ်ကွက်များရှိ လူနေအိမ်များနှင့် စာသင်ကျောင်းအတွင်းသို့ ရေများစတင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်