ကရင်ပြည်နယ်

ဘားအံတက္ကသိုလ်၌ MSME အထောက်အကူပြုအသုံးချပညာရပ်များကို (၁၀)ရက်ကြာအလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဘားအံတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားပြီး စတုတ္ထနှစ်ပြီးမြောက်၍ သက်ဆိုင်ရာဘွဲ့အသီးသီးကို ရရှိပြီးသော  ကျောင်းသား၊ကျောင်းသူများသည် အသုံးချပညာရပ်တစ်ခုကို ကျွမ်းကျင်စွာတတ်မြောက်သွားပြီး လုပ်ငန်းရှင်များအဖြစ်လည်းကောင်း၊ အခြားသောလုပ်ငန်းခွင်များတွင် ကျွမ်းကျင်သူများအဖြစ်လည်းကောင်း၊ အသေးစား၊ အလတ်စား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ တွင် ဦးဆောင်သူများအဖြစ် ပါဝင်ဆောင်ရွက်နိုင်ရန် ယမန်နေ့နံနက်ပိုင်းက ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် MSME အထောက်အကူပြု အသုံးချပညာရပ်များ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့တွင်း တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့တွင်း တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်မှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပိုင်ကျုံမြို့ဒေါ်လန်းကျေးရွာအုပ်စုအတွင်းရှိ ရေဘေးသင့်ပြည်သူများအား ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (W.F.P) မှ Hight Energy Biscuits များ ထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၌ မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေစီးဆင်းလာမှုနှင့်ချောင်းရေမြင့်တက်လာမှုကြောင့် ရေဘေးသင့် သည့် ဒေါ်လန်း‌ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများ အဆင်ပြေစေရန်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(W.F.P)မှ ဩဂုတ်လ ၅ ရက်နေ့က Hight Energy Biscuits များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေပြိုမှုများ ဆက်လက်ဖြစ်ပွား

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်ကြီးမြို့သည် တောင်ပေါ်ဒေသမြို့ဖြစ်သည့်အားလျော်စွာ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ယမန်နေ့ညပိုင်းတွင် မြေပြိုမှုများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကရင်ပြည်နယ်အတွင်းရှိ သဘာဝဘေးဒဏ်သင့်ပြည်သူများအား တွေ့ဆုံအားပေး၍ ထောက်ပံ့ပစ္စည်းများပေးအပ်

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဩဂုတ်လ ၅ ရက်နေ့နံနက်ပိုင်းက ပြည်နယ်အတွင်း သဘာဝဘေးဒဏ်သင့်ပြည်သူများအား တွေ့ဆုံအားပေး၍  ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းနှင့်စာအုပ်စာစောင်ပြပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များ နှင့်ပူးပေါင်း၍ စာရေးဆရာကြီးရွှေဥဒေါင်း ရေးသားသော “အကြံဉာဏ်ဖြင့်ကြီးပွားရေး” စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့်စာအုပ်စာစောင်ပြသခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အမှတ်(၁)ရပ်ကွက်သို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြင့်တင်ရေး  Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားးရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က  လိပ်သိုမြို့၊ အမှတ်(၁)ရပ်ကွက်သို့ သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသား/သူများ သဘာဝဘေးအန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် စားဖိုဆောင်ဟင်းသီးဟင်းရွက်များစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူအများစုသည် လယ်ယာလုပ်ငန်းနှင့်တောင်ယာလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး မိုးရာသီကာလရောက်ပြီဖြစ်၍ မိသားစုအပိုဝင်ငွေရရှိရေးအတွက် ကျန်းမာရေးအထောက်အကူပြု စားဖိုဆောင် ရာသီ စာဟင်းသီးဟင်းရွက်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးလာကြောင်း သိရသည်။

ကော်ဖီသီးနှံကိုအိမ်ခြံဝင်းတွင်လည်း စိုက်ပျိုးနိုင်ပြီး တစ်အုပ်တစ်မ တိုးချဲ့စိုက်ပျိုးခြင်းမှ စီးပွားဖြစ် စိုက်ခင်းသို့ တိုးချဲ့ပြောင်းလဲစိုက်ပျိုးရန်လို

ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီပင်စုပေါင်းစိုက်ပျိုးပွဲ အခမ်းအနားကို ဩဂုတ်လ ၃ ရက်နေ့ နံနက် ၇ နာရီက ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေးရှိ ဘားအံဂေါက်ကလပ်၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်၍ ကော်ဖီပင် ၁၀၈၇၅ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
Subscribe to ကရင်ပြည်နယ်