သံတောင်ကြီး ဩဂုတ် ၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်ကြီးမြို့သည် တောင်ပေါ်ဒေသမြို့ဖြစ်သည့်အားလျော်စွာ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ယမန်နေ့ညပိုင်းတွင် မြေပြိုမှုများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြေပြိုမှုများကြောင့် သံတောင်ကြီးမြို့၊ အမှတ်(၄)ရပ်ကွက် ဦးစောညွှန့်ဝေ၏ နေအိမ်အဆောက်အအုံ သွပ်မိုးထရံကာနံရံ(၂၀x၁၅)ပေတစ်ခြမ်း ပျက်စီးခဲ့ခြင်း ဒေါ်နော်ဟဲမာမူ၏ နေအိမ်သွပ်မိုး ထရံအိမ် (၂၀x၁၅)ပေတစ်ခြမ်းပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါမြေပြိုမှုများကြောင့် လူနှင့်တိရစ္ဆာန်များထိခိုက်ပျက်စီးမှုမရှိခဲ့ပါကြောင်းနှင့် ပျက်စီးဆုံးရှုံးခဲ့သောနေအိမ်များမှ မိသားစုဝင်များအား ဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့နေထိုင်လျက်ရှိပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် အများပြည်သူများမှ ရှင်းလင်းရေးများ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နော်နော်မူ