ကရင်ပြည်နယ်

ကရင်ပြည်နယ်အတွင်း သဘာဝဘေးဒဏ်များကြောင့် မိုးစပါးသီးနှံများထိခိုက်ပျက်စီးသွားသည့် တောင်သူများအား မျိုးစပါးနှင့်ဓာတ်မြေဩဇာများထောက်ပံ့

ကရင်ပြည်နယ်အတွင်း ဇူလိုင်လ တတိယပတ်ခန့်မှစ၍ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းပြီး မြစ်ရေ၊ ချောင်းရေများ စံချိန်တင်မြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ သဘာဝဘေးဒဏ်များကြောင့် စိုက်ပျိုးပြီး မိုးစပါးသီးနှံများထိခိုက်ပျက်စီးသွားသည့် တောင်သူများအား မျိုးစပါးနှင့်ဓာတ်မြေဩဇာများ ထောက် ပံ့ပေးအပ်သည့်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီကဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပခဲ့သည်။

ဘားအံမြို့တွင် MNDAA နှင့် ပူးပေါင်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချ ဆန္ဒထုတ်ဖော်

ရှမ်းပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားနေသောအကြမ်းဖက် MNDAA သောင်းကျန်းသူများနှင့် အပေါင်းအပါအဖွဲ့အစည်းများအား ဆန့်ကျင်ရှုတ်ချဆန္ဒထုတ်ဖော်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ နာရီစင်၌ စုရုံး၍ ဒေသခံပြည်သူ ၆၅၀ ကျော် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဘားအံတက္ကသိုလ် ပတ္တမြားနယ်မြေ၌ မိုးရာသီ(ပဥ္စမအကြိမ်)သစ်ပင်စိုက်ပွဲအနေဖြင့် သစ်မျိုးစုံ (၆၃၈)ပင် စိုက်ပျိုး

ယခုနှစ်မိုးရာသီတွင် ကရင်ပြည်နယ်အတွင်း သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း နှစ်သိန်းခုနှစ်သောင်းကျော် စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိရာ ယခုအခါ နှစ်သိန်းနှစ်သောင်းကျော် ရာခိုင်နှုန်းအားဖြင့် ၈၁ ဒဿမ ၆၀ ရာခိုင်နှုန်း စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရပြီး ယနေ့နံနက် ၇ နာရီက ဘားအံတက္ကသိုလ် ပတ္တမြားနယ်မြေတွင် မိုးရာသီ(ပဥ္စမအကြိမ်) သစ်ပင်စိုက်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

မြဝတီမြို့ အ.ထ.ကခွဲ(၃)တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဟောပြော

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ပြင်ပအသိပညာဗဟုသုတရရှိစေရေးအတွက် ဌာနဆိုင်ရာများအနေဖြင့် ကဏ္ဍအလိုက် လစဉ်အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီတွင် အမှတ်(၇၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မြဝတီ)မှ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိရှိထားရမည့်အချက်များကို အသိပညာပေး ဟောပြောသည်။

အ-ထ-က ပိုင်ကျုံကျောင်း၌  မူးယစ်ဆေးဝါးအန္တရာယ်  အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်

လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းသားလူငယ်များ စည်းကမ်းပြည့်ဝပြီး စိတ်ဓာတ်စွမ်းရည်နှင့် ဉာဏစွမ်းရည်မြှင့်မား‌စေရေးအတွက် ယမန်နေ့က ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်းးကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာ‌ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဌာနေပြည်သူ့စစ်အဖွဲ့များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဌာနေပြည်သူ့စစ်အဖွဲ့များအား ထောက်ပံ့ပစ္စည်းများပေးအပ်သည့်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဌာနေပြည်သူ့စစ်အဖွဲ့များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဌာနေပြည်သူ့စစ်အဖွဲ့များအား ထောက်ပံ့ပစ္စည်းများပေးအပ်သည့် အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ကျင်းပခဲ့သည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း ကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ  စုပေါင်းပြီး ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၆ နာရီခွဲအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့် ရေးသားသော “ မေတ္တာပါတဲ့အတွေးများ   ” စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် သံပုရာသီးများလှိုင်လှိုင်ထွက်ရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ နှစ်ရှည်သီးနှံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ  သံပုရာသီးစိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုမိုးတွင်းအချိန်တွင် သံပုရာသီးများ လှိုင်လှိုင်ထွက်ရှိပြီး ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်