လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း ကျင်းပ

လိပ်သို  ဩဂုတ် ၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ  စုပေါင်းပြီး ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၆ နာရီခွဲအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တရားနာလာကြသော တာဝန်ခံကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများက နမောတသ သုံးကြိမ်ရွတ်ဆို၍  အခမ်းအနားကို စတင်ဖွင့်လှစ်သည်။

ထို့နောက် ဩကာသကန်တော့ချိုးဖြင့် ကန်တော့ကြပြီး လိပ်သိုမြို့ ရန်ကြီးအောင်ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာ/ဆရာမများက ဆရာတော်ထံဝါဆိုသင်္ကန်းများ၊ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆရာတော်မှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းရခြင်းနှင့် အလှူပြုလုပ်ခြင်းအကျိုးများ တရားဟောချီးမြှင့်၍ ရေစက်သွန်းချအမျှပေးဝေပြီး ဆရာတော်အား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)