ကရင်ပြည်နယ်

ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ ပြင်ပဗဟုသုတတိုးပွားစေရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ဒေသနေပြည်သူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များကို အခမဲ့ ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၈)နာရီအချိန်တွင် အမှတ်(၂) ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် လှာကဒေါင်ရေလျှံကွင်းအတွင်း ငါးသားပေါက်ကောင်ရေ တစ်သိန်းနှစ်သောင်းကို ငါးမျိုးစိုက်ထည့်

ကရင်ပြည်နယ်အတွင်း ငါးစားသုံးမှုဖူလုံပိုလျှံရေး၊ ငါးသယံဇာတများရေရှည်တည်တံ့ရေး၊ ကျေးလက်နေပြည်သူများ ငါးရိက္ခာကိုပိုမိုစားသုံးနိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေနိုင်ရေးတို့ကို ရည်ရွယ်၍ သဘာဝမြစ်ချောင်း၊ အင်းအိုင်ဆည်တမံများအတွင်း ငါးမျိုးများစိုက်ထည့်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက ဘားအံမြို့နယ်၊ လှာကဒေါင်ကျေးရွာ၊ လှာကဒေါင်ရေလျှံကွင်းအတွင်း ရှင်သန်ကြီးထွားရန် အကောင်းဆုံးအရွယ်ရှိသည့် ငါးသားပေါက်ကောင်ရေ တစ်သိန်းနှစ်သောင်းကို ငါးမျိုးစိုက်ထည့်ပေးကြသည်။

ပိုင်ကျုံမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား မိုးရာသီ ဘောလုံးပြိုင်ပွဲကျင်းပ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကောင်စီမှ ကြီးမှူးကျင်းပသည့် မိုးရာသီဘောလုံးပြိုင်ပွဲကို ယမန်နေ့က အဆိုပါ ကျောင်းအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပိုင်ကျုံမြို့ရုံးတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (Book Club) အဖွဲ့ဝင်များ  စာဖတ်ဝိုင်း ဆွေးနွေးပွဲ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ယ‌နေ့နံနက်ပိုင်းက စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ သုတပဒေ သာနှင့် လူငယ်ရေးရာစာစောင် အတွဲ(၄၉)၊ အမှတ်(၇) စာအုပ်ဖြင့်  စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။

ဘားအံမြို့၌ ကမ်းပါးပြိုမှုကြောင့် ပျက်စီးခဲ့သည့် လူနေအိမ်(၁၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ ထောက်ပံ့

ကရင်ပြည်နယ်၊ ဘားအံမြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကမ်းပြိုမှုကြောင့် ပြိုကျပျက်စီးခဲ့သည့်နေအိမ်များအား ဩဂုတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါကျေးရွာများ၌ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ဘားအံမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးမြေစိုက်ပိုစတာများ စိုက်ထူ

ကရင်ပြည်နယ်၊ ဘားအံမြို့၌ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့တွင် ကျရောက်မည့် (၁၂)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းကို ကရင်ပြည်နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယမန်နေ့မွန်းလွဲ၁နာရီက  ဘားအံမြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများ၌ စိုက်ထူခဲ့ကြောင်း သိရသည်။

မြို့နယ်အဆင့် သန်းခေါင်စာရင်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကော့ကရိတ်မြို့၌ ကျင်းပ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ဒေါနခန်းမတွင် ယမန်နေ့နေ့လယ်၁နာရီက မြို့နယ်သန်းခေါင်စာရင်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ) ပြင်ပလူနာနှင့်အရေးပေါ်ဌာန (၂)ထပ်တိုးချဲ့ဆောင်သစ် ဖွင့်လှစ်

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံမြို့)တွင် ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူတည်ဆောက်သော ပြင်ပလူနာနှင့်အရေးပေါ်လူနာဌာန (၂)ထပ်တိုးချဲ့ဆောင်သစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါဆေးရုံကြီး တိုးချဲ့ဆောင်သစ်ရှေ့၌ ကျင်းပသည်။

ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စု၌ ရေကြီးပြီးနောက် ရေပြန်ကျချိန်တွင် ကျရောက်တတ်သော ပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းများ အသိပညာပေးဟောပြောပွဲပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် တောင်သူများ မိုးစပါးဖျက်ပိုးအန္တရာယ်မှ ကင်းဝေးစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မဲသမူးကျေးရွာအုပ်စု၊ မောခီးကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် စပါးများဖျက်ပိုးအန္တရာယ်မှကင်းဝေးရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် တောင်သူများ မိုးစပါးဖျက်ပိုးအန္တရာယ်မှ ကင်းဝေးစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကွီးလေးကျေးရွာရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်