လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်၌ ကျောင်းသား/ကျောင်းသူများ စာအုပ်စာစောင်များ လာရောက်ငှားရမ်း
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ဒေသနေပြည်သူများ စာပေဗဟုသုတရရှိစေရန်၊ စာပေဖတ်ရှုပြီး အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးပြုကြစေရန် ရည်ရွယ်၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ညနေပိုင်းက လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုကြကြောင်း သိရသည်။