ဘားအံ ဩဂုတ် ၂၈
ကရင်ပြည်နယ်၊ ဘားအံမြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကမ်းပြိုမှုကြောင့် ပြိုကျပျက်စီးခဲ့သည့်နေအိမ်များအား ဩဂုတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါကျေးရွာများ၌ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးရာတွင် ဘားအံမြို့နယ် ကော့လှိုက်ကျေးရွာရှိ ကမ်းပြိုမှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၁၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ်(၂၃)သိန်း၊ အသက်(၁၈)နှစ်အထက် ကျား(၂၀)ဦး၊ မ(၃၀)ဦး၊ အသက်(၁၈)နှစ်အောက် ကျား(၁၂)ဦး၊ မ(၁၃)ဦး၊ စုစုပေါင်း(၇၅)ဦးတို့အတွက် တစ်ပတ်စာဆန်ရိက္ခာဖိုးငွေကျပ်(၁၅၇၅၀၀)၊ စုစုပေါင်းငွေကျပ်(၂၄၅၇၅၀၀)အားလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ထောင်စု(၁၄)စုအတွက် တန်ဖိုးငွေကျပ်(၁၅၀၇၄၉၂)အားလည်းကောင်း ဘားအံမြို့နယ်၊ ခရားကျေးရွာအုပ်စု အမှတ်(၆) ရပ်ကွက်နှင့် ရဲသာကျေးရွာအုပ်စု၊ လှိုင်ကျေးရွာတွင်လည်းကောင်း၊ ရေဘေးကြောင့် နေနစ်သေဆုံးခဲ့သည့် အသက်(၁၈)အထက် ကျား(၃)ဦးတို့အတွက် ထောက်ပံ့ငွေကျပ် (၉၀၀၀၀၀)အားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)