ပိုင်ကျုံ သြဂုတ် ၂၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်ပိုင်းက စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ သုတပဒေ သာနှင့် လူငယ်ရေးရာစာစောင် အတွဲ(၄၉)၊ အမှတ်(၇) စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့်စာအုပ်ပါ အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး (Book Club) အဖွဲ့ဝင်နော်မေရှင်းက စာအုပ်ပါကဏ္ဍတစ်ခုဖြစ်သည့် မူးယစ်ဆေးဝါးဆိုင်ရာကဏ္ဍတွင် စာရေးဆရာ ဒေါက်တာ မြင့်သန်းထွန်းရေးသားသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ် ခေါင်းစဉ်ပါ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြီး နော်ဒီးနာမူးက မူးယစ်ဆေးဝါး၏ အဓိပ္ပာယ်၊ စိတ်ကိုပြောင်းလဲစေသော ဆေးနှင့်စွဲလမ်းစေတတ်သော ဆေးဝါးများ စသော အချက်များကို ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဒေါ်ကြာစေးက အရက်သောက်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကို ဆွေးနွေးပြီးနောက် ဆွေးနွေးပွဲတွင် တက်ရောက်လာကြသည့် အဖွဲ့ဝင်များတို့မှ မိမိတို့သိရှိသည့် အသိပညာများကို အပြန်အလှန် ဆွေးနွေးခဲ့သည်။
ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်ပါ အကြောင်းအရာများကို စာဖတ်ဝိုင်း ဆွေးနွေးပွဲဆောင်ရွက်ခြင်းကြောင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင်များအနေဖြင့် အသိပညာ ဗဟုသုတများစွာ ရရှိလာပါကြောင်း အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
နော်ခူး(ပြန်/ဆက်)