ကော့ကရိတ် ဩဂုတ် ၂၈
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ဒေါနခန်းမတွင် ယမန်နေ့နေ့လယ်၁နာရီက မြို့နယ်သန်းခေါင်စာရင်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အစည်းအဝေး၌ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးမှ လူဦးရေနှင့်သန်းခေါင်စာရင်းကောက်ယူဆောင်ရွက်ရာတွင် ခက်ခဲမှုမရှိစေရေး အဆင်ပြေချောမွေ့စွာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သင်တန်းများဖွင့်လှစ် ပို့ချသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထင်အောင်မိုးက သန်းခေါင်စာရင်းကောက်ယူမည့်အခြေအနေများ၊ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြရာ တက်ရောက်လာသည့်ကော်မတီများမှ လိုအပ်သည့်များကို ဝိုင်းဝန်းပူးပေါင်းအကြံပြုဆွေးနွေးတင်ပြကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)