ကရင်ပြည်နယ်

သံတောင်ကြီးမြို့နယ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအတွက် မြို့နယ်အဆင့် စာရင်းစစ်စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းနား ကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအတွက် မြို့နယ်အဆင့် စာရင်းစစ်စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်သည်။

သံတောင်ကြီးမြို့တွင် မြေပြိုဘေးကြောင့် သေဆုံးခဲ့သည့် မိသားစုဝင်များအတွက် ထောက်ပံ့ငွေကြေး ပေးအပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စက်တင်ဘာလ ၁၁ ရက်နေ့၌ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် မြေပိုကျမှုကြောင့် ဒါဝါလော်ချီးကျေးရွာအုပ်စု၊ လေလော်ဒေးကျေးရွာတွင် မြေစာပိ၍သေဆုံးခဲ့သည့်အိမ်ထောင်စုမှ လူဦးရေ(၄)ဦးအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နေ့လယ် (၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူငယ်များ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့မှ ဦးဆောင်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့တွင် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ကော့ကရိတ်မြို့၊ ဒေါနခန်းမတွင် ယနေ့နံနက် ၉:၀၀နာရီ အချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် သဘာဝပတ်ဝန်းကျင်နှင့်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် တောင်ပေါ်ဒေသဖြစ်၍ မိုးရာသီကာလတွင် တောင်ကျရေများစီးဆင်းမှုကြောင့် မြေပြိုခြင်းနှင့် ရေကြီးမှုများဖြစ်ပေါ်တတ်သဖြင့် ကျောင်းသား၊ ကျောင်းသူများ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင်  အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်

မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များ ထင်ဟပ်ပေါ်လွင်စွာနှင့် အနှစ်သာရပြည့်ဝစွာ ဆင်ယင်ကျင်းပခဲ့သော ကရင်ပြည်နယ် ၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။

ဘားအံခရိုင်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲကျင်းပ

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေး ဘားအံခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ ခွဲက ဘားအံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့၍ သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ပြည်သူ (၉၀၀၀) ကျော်အား ရေဘေးလွတ်ရာများသို့ ပြောင်းရွှေ့နေရာချထားပေး

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးများအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေလျှံတက်မှုများကြောင့် စိုးရိမ်ရေအမှတ် (၇၅၀) စင်တီမီတာအထက် ကျော်လွန်ပြီး (၉၆၈) စင်တီမီတာသို့ ရောက်ရှိခဲ့ရာ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် လူနေအိမ်များသို့ ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ရေကြီးနစ်မြုပ်မိုးစပါးစိုက်ခင်းများအား ယူရီးယား/ သဘာဝမြေဩဇာများ ထောက်ပံ့၊ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများရှိ အိမ်ထောင်စုများအား စားသောက်ကုန်များထောက်ပံ့

ကရင်ပြည်နယ်အတွင်း ဇူလိုင်လနှင့်ဩဂုတ်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စိုက်ပျိုးပြီး မိုးစပါးများ ရေကြီးနစ်မြုပ်မှုများဖြစ်ပွားခဲ့ရာ ယမန်နေ့နံနက် ၈ နာရီက ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ကော့သင်းရှူးကျေးရွာတွင် ရေကြီးနစ်မြုပ်မိုးစပါးစိုက်ခင်းများအတွက် ယူရီးယား/သဘာဝမြေဩဇာများကို ထောက်ပံ့ပေးအပ်ပြီး မြေဩဇာစုပေါင်းကြဲပက်ခြင်းနှင့် ပိုးမွှားရောဂါ စုပေါင်းကာကွယ်နှိမ်နှင်းခြင်းတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဘားအံမြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအသိပညာပေး ဟောပြော

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူခြင်းလုပ်ငန်းကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်သဘောပေါက်ပြီး အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်၁၀နာရီက ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း ရွှေရတုခန်းမ၌ ကျင်းပသည်။
Subscribe to ကရင်ပြည်နယ်