သံတောင်ကြီး စက်တင်ဘာ ၁၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအတွက် မြို့နယ်အဆင့် စာရင်းစစ်စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ မြို့နယ်သန်းကောင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆန်းဗိုလ်က အမှာစကား ပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူးက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
၎င်းနောက် နည်းပြစာရင်းစစ်စာရင်းကောက်ခန့်အပ်လွှာများနှင့် သန်းခေါင်စာရင်း ကောက်ယူနိုင် ရန်အတွက် အထောက်အကူပြုပစ္စည်းများကို မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းကြည်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးဟေသားကြီးတို့က သင်တန်းနည်းပြဆရာ/ဆရာမထံ ပေးအပ်ခဲ့သည်။
ထို့နောက် မြိုန့ယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အတွင်းရေးမှူးက တက်ရောက်လာသည့်ဌာန ဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များမှ ဆရာတော်များ၊ ရပ်မိရပ်ဖများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲကို မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များမှ ဆရာတော်များ၊ ရပ်မိရပ်ဖများ၊ သင်းတန်းနည်းပြများနှင့် သင်တန်းသူ/ သင်တန်းသား ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နော်နော်မူ