ကရင်ပြည်နယ်

ရှမ်းရွာသစ်မြို့လူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် လူငယ်ရေးရာနှင့် ပတ်သက်သော အကြောင်းအရာများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်ဖယ်ဘိုးအထက်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေထုတ်ချေးပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ဖယ်ဘိုးအထက်ကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့တွင်  မိုးအဆက်မပြတ်ရွာသွန်းခဲ့၍ သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ပြည်သူ(၂၀၇၁)ကျော်  ရေဘေးလွတ်ရာများသို့  ပြောင်းရွှေ့နေရာချထားပေး

ကရင်ပြည်နယ်၊ ဘားအံမြို့တွင်  မိုးများအဆက်မပြတ်ရွာသွန်းပြီး  သံလွင်မြစ်ရေ လျှံတက်မှုများကြောင့် စိုးရိမ်ရေအမှတ် (၇၅၀)စင်တီမီတာအထက်ကျော်လွန်ပြီး (၉၂၂) စင်တီမီတာသို့ရောက်ရှိခဲ့ရာ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် လူနေအိမ်များသို့ ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။

လိပ်သိုဒေသထွက် ရာသီပေါ်ချဉ်ပေါင်ဖာလာများ ပေါ်ဦးစအချိန် ယမန်နှစ်ကထက် ဈေးပိုမိုရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် နေထိုင်ကြသော ဒေသခံပြည်သူများမှာ  အဓိကစီးပွားရေးလုပ်ငန်းအဖြစ် ဖာလာပင်စိုက်ပျိုးခြင်းလုပ်ငန်းကို လုပ်ကိုင်ကြပြီး ရာသီပေါ်ချိန်တွင် ချဉ်ပေါင်ဖာလာသီးနှံများ ရင့်မှည့်လာပြီဖြစ်ရာ ဖာလာစိုက်တောင်သူများက ဩဂုတ်လနောက်ဆုံးအပတ်မှစတင်၍ အောက်တိုဘာလအထိ ဆွတ်ခူးကြပြီး ယခုနှစ်ရာသီအစတွင် ယမန်နှစ်ကထက် ဈေးပိုမိုရရှိနေသဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

လိပ်သိုမြို့တွင် တစ်နိုင်တစ်ပိုင် လက်ဖက်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် နေထိုင်ကြသော ဒေသခံပြည်သူအချို့မှာ လက်ဖက်ပင်များကို နေအိမ်ခြံဝင်းများအတွင်းတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားခဲ့ကြရာမှ မိမိတို့ စားသုံးရန်အပြင် ပြန်လည်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေများ ရလျက်ရှိကြောင်း သိရသည်။

ကော့ကရိတ်မြို့၌ စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ ကရင်ပြည်နယ်အစိုးအဖွဲ့၏ အစီအစဉ်ဖြင့် မြို့နယ်အထွေထွေ စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ  စားသုံးဆီများကို  မိဘပြည်သူများ သက်သာသောဈေးနှုန်းများဖြင့် အဆင်ပြေချောမွေ့စွာ ဝယ်ယူရရှိနိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က ကော့ကရိတ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမရှိ မြို့မဈေး အရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ အခြေခံပညာမူလတန်းကျောင်းတွင် မျောက်ကျောက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ မျောက်ကျောက်ရောဂါနှင့် ပတ်သက်၍ အသိပညာ ဗဟုသုတ ရရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် မျောက်ကျောက်ဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဘားအံမြို့၌ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ စက်တင်ဘာလ (၁၆)ရက်နေ့တွင် ကျရောက်မည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့မွန်းလွဲ (၁:၀၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။

ဘားအံမြို့နယ် အိန္ဒဲကျေးရွာအုပ်စု၌ သုတရတနာစာကြည့်တိုက်သစ် ဖွင့်လှစ်

မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ မတည်ထောက်ပံ့ငွေကျပ် (၁၅၀) သိန်း၊ ပြည်သူလူထုထည့်ဝင်ငွေ ကျပ်(၉၀)သိန်း စုစုပေါင်း ငွေကျပ် (၂၄၀) သိန်းကျော်ဖြင့် တည်ဆောက်ပြီးစီးသည့် ဘားအံမြို့နယ်၊ အိန္ဒဲကျေးရွာအုပ်စုရှိ သုတရတနာ စာကြည့်တိုက်သစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက အဆိုပါ စာကြည့်တိုက်သစ်အဆောက်အဦ တည်နေရာ၌ ကျင်းပသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ်လူငယ် ကျောင်းသား၊ ကျောင်းသူများ ယဉ်ကျေးလိမ္မာသည့် လူငယ်လူရွယ်များဖြစ်လာစေရန်နှင့် စာပေဗဟုသုတတိုးပွားရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်