ကရင်ပြည်နယ်

ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင်များ ငှားရမ်းသူများပြား

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်တွင် ဒေသနေပြည်သူများနှင့် ကလေးသူငယ်များ စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုသည့်အပြင် ကလေးစာဖတ်ခန်း၌ စာအုပ်များ လာရောက်ဖတ်ရှုသောကလေးငယ်များနှင့် လာရောက်ဆော့ကစားသော ကလေးသူငယ်များ ယခင်လများထက် များပြားလျက်ရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ ဒေသထွက်တောင်ယာငရုပ်သီးများ ဈေးနှုန်းကောင်း၍ စိုက်ပျိုးသူများ အဆင်ပြေ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးရွာအုပ်စုများတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော ဒေသခေါ် တောင်ယာငရုပ်သီးများ ပေါ်ချိန်ဖြစ်၍ ဒေသတွင်း စားသုံးမှု များလာသောကြောင့် ဝယ်လိုအားကောင်းလျက်ရှိပြီး စိုက်ပျိုးသူများ အဆင်ပြေကြောင်း သိရသည်။

မြဝတီခရိုင်၌“ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် အခမ်းအနား ကျင်းပ

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်နေ့တွင် ကျရောက်ခဲ့သည့် “ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်” အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကရင်ပြည်နယ်၊ မြဝတီခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အမှတ်(၄)ရပ်ကွက်၊ မြဝတီမြို့နယ် ပညာရေးမှူးရုံး ခန်းမဆောင်၌ ကျင်းပသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ” အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကလေးသူငယ်များနှင့် ဒေသနေပြည်သူများ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြဝတီခရိုင်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲ ကျင်းပ

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီအဆင့်ဆင့်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၅) ရပ်ကွက်၊ Green Star ဟိုတယ်၌ ကျင်းပသည်။

ဘားအံမြို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများမှ ရေဘေးရှောင်ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်း

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာ ရွာသွန်း၍ သံလွင်မြစ်ရေသည် စိုးရိမ်ရေ အမှတ် ၇၅၀ စင်တီမီတာထက် ကျော်လွန်ပြီး မြစ်ရေလျှံတက်မှုကြောင့် နေအိမ်များ ရေနစ်မြုပ်မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အမှတ် (၂) ရပ်ကွက်သို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်/စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က လိပ်သိုမြို့ အမှတ်(၂) ရပ်ကွက်သို့ သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့တို့ ပူးပေါင်း၍ ရေဘေးရှောင်ပြည်သူများအတွက် ကူညီထောက်ပံ့

ကရင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှု အဖွဲ့တို့ ပူးပေါင်း၍ ဘားအံမြို့၊ အမှတ်(၆)နှင့် အမှတ်(၃)ရပ်ကွက်ရှိ ဘေးရှောင်ပြည်သူများအတွက် ယနေ့နံနက် ၁၀ နာရီခွဲတွင် ထောက်ပံ့လှူဒါန်းခဲ့သည်။

ဘားအံ၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ 

 “မွန်ထရီရယ်နောက်ဆက်တွဲစာချုပ် ရည်မှန်းချက်အောင်မြင်ဖို့ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးတိုးမြှင့်ဆောင်ရွက်စို့” ဆောင်ပုဒ်ဖြင့် ကရင်ပြည်နယ်၊ ၂၀၂၄ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။

ပိုင်ကျုံမြို့ရှိ ဝဥစိုက်တောင်သူများ ဝဥများကို တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်သို့ တိုးချဲ့စိုက်ပျိုးလာ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ရှိ ဒေသခံပြည်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးအပြင် ဒေသထွက်ကုန်တစ်ခုဖြစ်သည့် ဝဥများကို တစ်ပိုင်တစ်နိုင်မှ စျေးကွက်စီးပွားရေးအဖြစ်သို့ တိုးချဲ့စိုက်ပျိုးလျက်ရှိ‌ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်