ဘားအံ၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ 

ဘားအံ စင်တင်ဘာ ၁၆

 “မွန်ထရီရယ်နောက်ဆက်တွဲစာချုပ် ရည်မှန်းချက်အောင်မြင်ဖို့ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးတိုးမြှင့်ဆောင်ရွက်စို့ဆောင်ပုဒ်ဖြင့် ကရင်ပြည်နယ်၊ ၂၀၂၄ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတို့တွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုပေါင်း(၃၀)ဆုကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်များ၏ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကမ္ဘာ့လေထုလွှာအတွင်း အိုဇုန်းလွှာပျက်စီးစေသည့် ဓါတ်ငွေ့များကင်းဝေးစေရန်နှင့် ရာသီဥတုလျှော့ချရေး၊ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို အစိုးရအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ NGO INGO များ၊ စေတနာ့ဝန်ထမ်းများနှင့် လူငယ်မောင်မယ်များအားလုံး ပူးပေါင်းပါဝင်ကြိုးပမ်းပြီး တိုးမြှင့်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏သဝဏ်လွှာ၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP)အမှုဆောင်ညွှန်ကြားရေးမှူး၏ Memorial၊ ၂၀၂၄ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဗီဒီယိုများကို ကြည့်ရှုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ၂၀၂၄ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာအထက်တန်း၊ အလယ်တန်း စာစီစာကုံးပြိုင်ပွဲ၊ အခြေခံပညာမူလတန်းအဆင့် ပန်းချီပြိုင်ပွဲ၊ အခြေခံပညာအဆင့်ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိကြသူ များအားဂုဏ်ပြုဆုများနှင့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနား ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီပေးသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဆုရရှိကြသူများ၊ ဝိုင်းဝန်းကူညီပေးသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကြပြီး ဆုရရှိကြသူများ၊ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ခင်းကျင်းပြသထားသော ဆုရစာစီစာကုံးနှင့်ပန်းချီလက်ရာများအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)