လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကုန်းကျေးရွာတွင် မိုးစပါးစံကွက်ရိတ်သိမ်း တစ်ဧကအထွက်နှုန်း ၁၁၅ ဒဿမ ၇၀ တင်းထွက်ရှိ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း မိုးစပါးတစ်ဧကအထွက်နှုန်းမှန်ကန်စွာရရှိနိုင်ရေး ကွင်းအလိုက်၊ မျိုးကွဲအလိုက်၊ ရေသောက်နည်းလမ်းအလိုက် စံကွက်များ ရိတ်သိမ်းလျက်ရှိရာ ဒီဇင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းက ဒိုင်းပြကုန်းကျေးရွာ၊ ကွင်းအမှတ် ၁၅၄၇၊ ဦးပိုင်အမှတ် ၁၃၊ မြေကွက်အမှတ် ၁၂၇ တောင်သူဒေါ်နှင်းမှုံ၏ လယ်မြေရှိ မိုးစပါး (အောင်နိုင်တိုး)ကို စံကွက်ရိတ်သိမ်းခဲ့ကြသည်။