သံတောင်ကြီးမြို့နယ်တွင် မွေးစမှအသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

သံတောင်ကြီး မတ်  ၆

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင်  မွေးစမှအသက် (၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက သံတောင်ကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် မြို့နယ်ဆရာဝန်ဒေါက်တာဇေယျာဦး ဦးဆောင်သည့်  ကျန်းမာရေးဆရာမများက ပုံမှန်ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးဆောင်ရွက်သည်။

ထို့သို့ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်(၂)နှစ်အောက်ကလေးငယ်များကို အသက်အရွယ် အပိုင်းအခြားအလိုက် ပုံမှန်ကာကွယ်ဆေးများဖြစ်သည့် ဆုံဆို့၊ကြက်ညှာ၊မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)ပိုး၊  ဦးနှောက်အမြှေးရောင် ငါးမျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောဖြစ်စေတတ်သော ရိုတာ(Rota) ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အသက်(၅)နှစ်အောက်ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေးထိုးနှံပေးခြင်းများနှင့်မြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာနများ၊ သတ်မှတ်ထားသည့် နေရာများတွင် လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နော်နော်မူ