ကော့ကရိတ်မြို့နယ် ပြည်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဘားအံ မတ် ၇

ကော့ကရိတ်မြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်က ကော့ကရိတ်မြို့ကို တပ်မ‌တော်မှ ပြန်သိမ်းပိုက်ခဲ့ပြီးချိန်မှစ၍ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အ‌ကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရပ်ရွာလုံခြုံရေးကို ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ မြို့သန့်ရှင်းသာယာလှပရေး‌ ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်းနှင့် လျှပ်စစ်မီးများ ရရှိ‌ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း စသည်ဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့၏ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြပြီး ကော့ကရိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်နေသည့်အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးညီညီဇော်တို့က ဖြည့်စွက်ဆွေးနွေးကြပြီး လုပ်ငန်းကော်မတီဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး မင်းသူကျော်က လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)