ကော့ကရိတ်မြို့တွင် ဘူးပင်များတစ်ပိုင်တစ်နိုင်စိုက်ပျိုးသဖြင့် ဝင်ငွေရ

ကော့ကရိတ် မတ် ၆

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် မိမိတို့၏ခြံဝန်းမြေကွက်လပ်များ၌ တစ်ပိုင်တစ်နိုင်ဘူးပင်များစိုက်ပျိုးကြရာ မိသားစုအတွက် အပိုဝင်ငွေများရရှိကြောင်း သိရသည်။

ဘူးသီးတစ်လုံးလျှင်အရွယ်အစားပေါ်မူတည်၍ ကျပ်(၁၀၀၀)မှ (၂၀၀၀)ထိ ဈေးရရှိကြောင်း၊ ဘူးသီးမှာမိသားစုအတွက် ဟင်းလျာအပြင် ဘူးသီးကြော်ရောင်းချသည့်ဆိုင်များမှ ဝယ်ယူအသုံးပြုသဖြင့်အဆင်ပြေကြောင်း သီးနှံပင်စိုက်ပျိုး‌ရောင်းချနေသူ ဦးအောင်မြတ်ထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)