ကရင်ပြည်နယ်

မြဝတီမြို့တွင် ပေါက်ကွဲမှုဖြစ်စဥ်ကြောင့် ထိခိုက်ခဲ့သည့်ပြည်သူများအား ထောက်ပံ့

ကရင်ပြည်နယ်၊မြဝတီခရိုင်၊မြဝတီမြို့ အမှတ်(၄)ရပ်ကွက် အာရှလမ်းမကြီးရှိ ဒေါ်ညွန့်ရီ စတိုးဆိုင်ရှေ့နှင့် ရတနာထွန်းရွှေဆိုင်ရှေ့တို့  တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က   ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်ခဲ့သည့် ပြည်သူငါးဦးအား  ထောက်ပံ့ငွေပေးအပ်ပွဲကို ဇန်နဝါရီ ၁၈ ရက်က အမှတ် (၄)ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး၌ ဆောင်ရွက်သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ပြည်နယ်လွှတ်တော်အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဆောင်ရွက်ပေး

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပအပြီးတွင် ပြည်သူတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေး ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ကရင်ပြည်နယ်လွှတ်တော်အဆောက် အဦတွင် တတိယအကြိမ် ပြည်နယ်လွှတ်တော် အစည်းအဝေးများ ကျင်းပနိုင်ရန် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ဘားအံတက္ကသိုလ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဆောင်းရာသီအားကစားပြိုင်ပွဲများ ဆုချီးမြှင့်

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆောင်းရာသီအားကစားပြိုင်ပွဲများ ဆုချီးမြှင့်သည့်အခမ်းအနားကို ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင် အားကစားကွင်း၌ ကျင်းပသည်။

ကြာအင်းဆိပ်ကြီးမြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြဆောင်ရွက်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့၌ ကျင်းပသွားမည်ဖြစ်ရာ မဲဆန္ဒရှင်ပြည် သူများ လွယ်လင့်တကူမဲပေးနိုင်‌စေရေးအတွက် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့ နံနက်ပိုင်းအချိန်က အမှတ်(၁)ရပ်ကွက်ရှိ အမှတ် ၅ အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် အမှတ်(၂)ရပ်ကွက်ရှိ စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတို့၌ လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့တွင် အခြေခံစားသုံးသူပြည်သူများအား စားသုံးဆီများ ဈေးနှုန်းချိုသာစွာရောင်းချ

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသုံးသူပြည်သူများအား စားဝတ်နေရေးလွယ်ကူ အဆင်ပြေစေရန်အတွက် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၈နာရီအချိန်က ကော့ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးဘေးတွင် ၁ ပိဿာ ၈၀၀၀ ကျပ်နှုန်းဖြင့် အိမ်ထောင်စု ၁၀၀ စုတို့အား တန်းစီစနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြဝတီမြို့တွင် နယ်စပ်ဖြတ်ကျော် မီးမိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ် (၁)ရပ်ကွက်ရှိ ဓမ္မာရုံတွင် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။

နည်းပညာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

နည်းပညာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။

နည်းပညာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့်မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

နည်းပညာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ဇန်နဝါရီလ ၁၆ ရက် နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်သည်။

ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့တွင် စားသုံးဆီများ ဈေးနှုန်းချိုသာစွာ ရောင်းချ

ကရင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် အခြေခံစားသုံးသူပြည်သူများ စားဝတ်နေရေး လွယ်ကူအဆင်ပြေစေရန်အတွက် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြို့ပေါ်ရပ်ကွက်အတွင်း‌ နေထိုင်သူပြည်သူများအား စားသုံးဆီ တစ်ပိဿာလျှင် ကျပ် ၈၀၀၀ နှုန်းဖြင့် ရောင်းချပေးသည်။

သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများသိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနော်လော်မူနှင့် ဝန်ထမ်းများက အခြေခံပညာအထက်တန်းတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီလ ၁၆ ရက် နေ့လယ် (၁) နာရီတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်