ကရင်ပြည်နယ်

ကမမောင်းမြို့တွင် ဒို့အတူ မဲပေးကြမယ် လက်ကမ်းစာစောင် ဖြန့်ဝေ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံသားတိုင်းမဲပေး ပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး ရည်ရွယ်ချက်ဖြင့် ဒို့အတူမဲပေးကြမယ် လက်ကမ်းစာစောင်များအား ယနေ့နံနက် ၁၀ နာရီက လူအများသွားလာရာ လမ်းမများနှင့် ရက်ကွက်များအတွင်းသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပမည့် ပါတီဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်ကို ယနေ့မွန်းလွဲ (၁) နာရီ၌ ရပ်ကွက် (၄) လမ်းဆုံ၊ ဈေးဆိုင်များ၊ လူသွားလူလာများသောနေရာများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဘားအံမြို့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်ကို ဒီဇင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ ရပ်ကွက်နေပြည်သူများ၊ ဈေးဆိုင်များနှင့် ရပ်ကွက်ကော်မရှင်ရုံးများတွင်  ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ ၌ “အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့” အထိမ်းအမှတ် ပြိုင်ပွဲများပြုလုပ်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင်ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့” အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်များ တိုးတက်စေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ဒီဇင်ဘာ ၂ ရက်နေ့ နံနက်  ၁၀ နာရီက ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရေး တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် ဆက်လက်ကွင်းဆင်း ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်အခွင့်အရေးအပြည့်အဝရရှိစေရေး၊ မဲပေးခြင်းသည်နိုင်ငံသားတိုင်းမှ အမျိုးသားရေး တာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် သံတောင်ကြီးမြို့ ရပ်ကွက်(၄) ရပ်ကွက်(၅)နှင့် လိပ်သိုမြို့ ရပ်ကွက်(၁)တို့တွင် ဒီဇင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းတွင်လည်း အိမ်တိုင်ရာအရောက် တစ်အိမ်တက်ဆင်း၍ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ကြကြောင်း သိရသည်။

နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိရေး တာဝန်ရှိသူအဆင့်ဆင့်မှ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကြပ်ကြပ်မတ်မတ်ဆောင်ရွက်

ဒေသတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့်ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရေး၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲပေးခွင့်ရှိသူအားလုံးမဲပေးခွင့်မရှုံးဆုံးစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံပွဲကို ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ(အခြေခံ)သင်တန်းဆင်း

လူ့စွမ်းအားအရင်းအမြစ်၏ အစဦးဆုံးဖြစ်သော မူကြိုအရွယ်ကလေးသူငယ်များကို နည်းစနစ်မှန်မှန်ဖြင့် ပြုစုပျိုးထောင်ပေးနိုင်ရေး ကရင်ပြည်နယ် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းပြည်နယ်ကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော အသက်(၃)နှစ်မှ (၅)နှစ်အရွယ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(အခြေခံ)သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၁)မူလတန်းကြိုကျောင်း၌ ကျင်းပခဲ့သည်။

ဖာပွန်မြို့နယ်၊ကမမောင်းမြို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရေး ရပ်ကွက်/ကျေးရွာမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့မှ ဆက်လက်ကွင်းဆင်း စိစစ်ဆောင်ရွက်

 ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေ​ထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာပေးလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှုပြီး မိမိအမည်မဲစာရင်းတွင် ပါ/မပါအား သိရှိနိုင်ရေး၊ ကျန်ရှိမှု မ​ဖြစ်စေရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၃၀ ရက်နေ့နံနက်တွင်လည်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များက ဝါကော်ကျေးကျေးရွာအုပ်စုနှင့် အမှတ် (၂) ရပ်ကွက်များသို့  နံနက်(၈)နာရီမှ စတင်ကာ တစ်အိမ်တက်ဆင်းကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြဝတီမြို့ရှိ မဲစာရင်းမှန်ကန်စေရေးအတွက် ရပ်ကွက်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့မှ ကွင်းဆင်းစိစစ်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ မဲဆန္ဒရှင်ပြည်သူများမှ မဲပေးခြင်းသည် အမျိုးသားရေးတာဝန်တစ်ရပ် ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် ဆန္ဒမဲပေးပိုင်ခွင့်အခွင့်အရေးများ ပြည့်ဝစွာရရှိစေရေး ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့များက အဖွဲ့များခွဲ၍ ယမန်နေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ရပ်ကွက် (၇) ရပ်ကွက်အနက် ကျန်ရှိသည့် ရပ်ကွက်များအလိုက် အိမ်တိုင်ရာရောက် မဲစာရင်းများ တိုက်ဆိုင် စစ်ဆေးကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မဲဆန္ဒရှင် ပြည်သူများ မဲစာရင်းမှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေး မဲစာရင်းကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများ မဲစာရင်းမှန်ကန်စေရေးနှင့် မကျန် ရှိစေရေး၊ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းများကို အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးခြင်းကို ကမမောင်းမြို့၌ ဒီဇင်ဘာ ၁ ရက်နံနက် (၈)နာရီမှစ၍ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်