မြဝတီမြို့အမှတ်(၂၇၅)ခြေလျင်တပ်ရင်းတွင် အီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ အမှတ် (၂၇၅)ခြေလျင်တပ်ရင်းရှိ တပ်မတော်သားများနှင့် တပ်မိသားစုဝင်များအား ၂၀၂၅ ခုနှစ်ပါတီစုံဒီ မိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဥ်း၍ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်း သပ် မဲပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၂၇၅) ခြေလျင်တပ်ရင်းတွင်ပြုလုပ်ခဲ့သည်။