လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲအခမ်းအနားပြုလုပ်
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ အခမ်းအနားကို ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်ကပြုလုပ်ခဲ့ကြောင်း သိရသည်။