ကော့ကရိတ်မြို့တွင် အခြေခံစားသုံးသူပြည်သူများအား ဆန်များ ထောက်ပံ့

ကော့ကရိတ် စက်တင်ဘာ ၂၅

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် အခြေခံစားသုံးသူပြည်သူများ  နေထိုင်စားသောက်မှုအဆင်ပြေနိုင်စေရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်က ကော့ကရိတ်မြို့၊ ဒေါနခန်းမတွင် ဆန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန်များထောက်ပံ့ပေးအပ်ရာတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ အမှတ်(၃) ရပ်ကွက်အတွင်း နေထိုင်သူအိမ်ထောင်စု (၃၇၃) စုနှင့် အမှတ် (၆) ရပ်ကွက်အတွင်း နေထိုင်သူ အိမ်ထောင်စု (၂၃၁) စုတို့အတွက် တစ်အိမ်ထောင်လျှင် ဆန် ၂၀ ကီလိုဂရမ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)