ကရင်ပြည်နယ်

လှိုင်းဘွဲမြို့နယ်၌ Google Map မြေပုံဖြင့် စာရင်းကောက်ကွက်မြေပုံများအား မြေပြင်တွင်စာရင်း ကောက်ယူနိုင်ရန်အတွက် သင်ခန်းစာပို့ချပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်း‌ကောက်သင်တန်း ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိရာ Google Map မြေပုံရှိ စာရင်းကောက်ကွက်မြေပုံများအား မြေပြင်တွင် စာရင်းကောက်ယူနိုင်ရန်အတွက် သင်ခန်းစာပို့ချပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က  လှိုင်းဘွဲမြို့အောင်ဆန်းခန်းမ၌ သင်ကြားပို့ချပေးခဲ့သည်။

လှိုင်းဘွဲမြို့နယ်၌ Google Map မြေပုံဖြင့် စာရင်းကောက်ကွက်မြေပုံများအား မြေပြင်တွင်စာရင်း ကောက်ယူနိုင်ရန်အတွက် သင်ခန်းစာပို့ချပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်း‌ကောက်သင်တန်း ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိရာ Google Map မြေပုံရှိ စာရင်းကောက်ကွက်မြေပုံများအား မြေပြင်တွင် စာရင်းကောက်ယူနိုင်ရန်အတွက် သင်ခန်းစာပို့ချပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က  လှိုင်းဘွဲမြို့အောင်ဆန်းခမ်းမ၌ သင်ကြားပို့ချပေးခဲ့သည်။

အ-ထ-က(ခွဲ) အထက်ပိုင်ကျုံကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ အ-ထ-က(ခွဲ)အထက်ပိုင်ကျုံကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး မြို့နယ်စာရင်းစစ်၊ စာရင်းကောက်သင်တန်း ဖွင့်လှစ်ပို့ချနေမှုအား ကြည့်ရှုအားပေး

ကရင်ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ဘားအံတက္ကသိုလ်၊ အင်ကြင်းဆောင်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ဖွင့်လှစ်ပို့ချလျက်ရှိသည့် ဘားအံမြို့နယ် စာရင်းစစ်၊ စာရင်းကောက်သင်တန်းသို့ သွားရောက်ကြည့်ရှုအားပေးသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းဆရာမများအား ထောက်ပံ့ငွေပေးအပ်

ကရင်ပြည်နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအား ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ်အတွက်  ထောက်ပံ့ငွေပေးအပ်သည့်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။

လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်၌ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရှု

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ဒေသနေပြည်သူများ စာပေဗဟုသုတရရှိစေရန်၊ စာပေဖတ်ရှုပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံး ပြုကြစေရန် ရည်ရွယ်၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ညနေပိုင်းက လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စာအုပ်စာစောင်များလာရောက် ငှားရမ်းဖတ်ရှုကြကြောင်း သိရသည်။

ကော့ကရိတ်မြို့၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေး

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက်ပိုင်းမှ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

လိပ်သိုဒေသတွင် ငရုတ်ပင်များ တစ်နိုင်တစ်ပိုင်စိုက်ပျိုး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ဒေသနေပြည်သူများမှာ မိမိတို့၏ အိမ်ခြံဝင်းများအတွင်းတွင် စားဖိုဆောင်သုံး ဟင်းသီးဟင်းရွက်ပင်များကို  စိုက်ပျိုးထားကြရာ ငရုတ်ပင်များကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြကြောင်း သိရသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ  စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး  အသိပညာ တိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်/စာစောင်များကို အခမဲ့ ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို  ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူနှင့် ကျောင်းသား/သူများများအနေဖြင့် လူကုန်ကူးမှုအန္တရာယ်မှ ကြိုတင်ကာကွယ်ရန်နှင့် အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်