ကော့ကရိတ်မြို့တွင် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ကော့ကရိတ် စက်တင်ဘာ ၂၅

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အ‌ကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကော့ကရိတ်မြို့၊ ဒေါနခန်းမတွင် ပြုလုပ်ကျင်းပသည်။

အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူး ဦးအက်စ်လင်းရောင်က အဖွင့်အမှာစကားပြောကြားရာ၌ သန်းခေါင်စာရင်းကောက်ယူခြင်းမှ ရရှိလာသော အချက်အလက်များ မှန်ကန်မှသာလျှင် နိုင်ငံ၏ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စာရင်းစစ်၊ စာရင်းကောက်သင်တန်းမှ မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုညိုက သင်တန်းမှ ပို့ချပေးသည့် ဘာသာရပ်သင်ခန်းစာများကို လက်တွေ့အသုံးချပြီး မှန်ကန်သောအချက်အလက်များရရှိစေရေး၊ မိမိတို့ အတွေ့အကြုံနှင့် ပေါင်းစပ်ပြီး သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း အောင်မြင်အောင် ဆောင်ရွက်နိုင်ရန် သိသင့်သိထိုက်သည့် အကြောင်းအရာ အချက်အလက်များ လေ့လာသင်ကြားခွင့်ရသည့်အတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့  သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြောင်း  သိရသည်။

ခရိုင်(ပြန်/ဆက်)