လိပ်သို စက်တင်ဘာ ၂၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသ၏ အဓိကစိုက်ပျိုးရေး ထွက်ကုန်သီးနှံ တစ်မျိုးဖြစ်သော ချဉ်ပေါင်ဖာလာများမှာ ယခုနှစ်တွင် ဈေးနှုန်း မြင့်တက်လာသဖြင့် တောင်သူများနှင့် ကုန်သည်များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ချဉ်ပေါင်ဖာလာများကို ယမန်နှစ်ကာလတူအချိန်က အခွံအုပ်ခြောက်တစ်ပိဿာလျှင် ကျပ် (၇၅၀ဝိ/-) သာရရှိသော်လည်း ယခုနှစ် စက်တင် ဘာလ စတုတ္တအပတ်တွင် လိပ်သိုမြို့ပေါ်၌ ချဉ်ပေါင်ဖာလာအစို တစ်ပိဿာလျှင်ကျပ်(၂၅၀၀ဝိ/-)မှ(၃၀၀၀ဝိ/-)ကျပ်၊ အခွံအုပ်အခြောက တစ်ပိဿာလျှင် (၁၇၀၀ဝိ/-)ကျပ်ထိ ဈေးရရှိကြောင်း သိရသည်။
အချို့တောင်သူများမှာ မိသားစုစားဝတ်နေရေး လိုအပ်ချက်အရ ချဉ်ပေါင်ဖာလာကို အစိုအတိုင်း ရောင်းချကြပြီး အချို့မှာ ဈေးနှုန်းဆက်လက်မြင့်တက်လာမည့်အချိန်ကို စောင့်၍ ချဉ်ပေါင်ဖာလာ အခွံခြောက်ကို ရောင်းချမှုမရှိသေးပဲ သိုလှောင်သိမ်းဆည်းထားကြကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)