အိမ်ခြံဝင်းအတွင်း ဂွေးချိုသီးပင်များ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

လိပ်သို စက်တင်ဘာ ၂၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသ အပူချိန်မြင့်သောကျေးရွာများရှိ  စိုက်ပျိုးရေးကို စိတ်ဝင်စားသော ဒေသခံအချို့မှာ ဂွေးချိုသီးပင်များကို အိမ်ခြံဝင်းအတွင်း  စမ်းသပ်စိုက်ပျိုးလာရာမှ  မိသားစုအပိုဝင်ငွေများရလျက်ရှိကြောင်း သိရသည်။

ဂွေးချိုသီးပင်များမှာ ပူ၍ခြောက်သွေ့သော ရာသီဥတုကိုကြိုက်နှစ်သက်၍ မိမိတို့နေထိုင်ရာ ကျေးရွာရာသီဥတုနှင့်ကိုက်ညီခြင်း၊ ဂွေးချိုသီးကို ဝယ်ယူစားသုံးခဲ့ရာမှ နှစ်ခြိုက်မှုရှိခြင်း၊ ဂွေးချိုသီးကို သွားရေစာအဖြစ် ထုတ်လုပ်ရောင်းချမှုများကို  မြင်တွေ့ရခြင်း၊ ဒေသတွင်း စီးပွား ဖြစ်စိုက်ပျိုးသူမရှိခြင်း၊ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပါက အပိုဝင်ငွေရရှိခြင်းတို့ကြောင့် အိမ်ခြံဝင်းအတွင်း စမ်းသပ်စိုက်ပျိုးခဲ့ရာမှ  အောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။

ဂွေးချိုသီးများကို ကလေးလူကြီးမကျန် နှစ်ခြိုက်ကြ၍ သွားရေစာအဖြစ် (၅၀ဝိ/-) ကျပ်မှ (၁၀၀ဝိ/-)ကျပ်အထိ ဝယ်ယူကြကြောင်း၊ သွားရေစာပြုလုပ်ရောင်းချသူများကလည်း (၅၀၀ဝိ/-) ကျပ်မှ (၂၀၀၀ဝိ/-)ကျပ်အထိ မှာယူကြ၍ အပိုဝင်ငွေရရှိနေသော်လည်း  လုံလောက်မှုမရှိသောကြောင့်  ဥယျာဉ်ခြံကြီးများတွင် တိုးချဲ့စိုက်ပျိုးရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)