လိပ်သို စက်တင်ဘာ ၂၆
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ အခမ်းအနားကို ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်ကပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တာဝန်ခံကျောင်းအုပ်ဆရာမ ဒေါ်နော်ဒိုနီးရှာက အဖွင့်မှာစကားပြောကြးခဲ့ပြီးနောက် ဆရာမိုးသက်အောင်က ကမ္ဘာ့ဆရာများနေ့အကြောင်း၊ ဆရာဟူသည် စေတနာ၊ ဝါသနာ၊ အနစ်နာခံ၍ မိမိတို့အား ပညာသင်ကြားပေးခဲ့သော ဆရာများ၏ ဂုဏ်ကျေးဇူးကို မမေ့သင့်ကြောင်းစသည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာ ဗဟုသုတများကို ဟောပြောခဲ့သည်။
ဆက်လက်၍ မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ပြုလုပ်ရာ “ ဆရာသခင်ကျေးဇူးရှင် ” အမည်ရသောကဗျာအား Grade-1 ကျောင်းသား၊ ကျောင်းသူများက အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုကို နော်ဂျွန်အိန်ဂျယ်ဦးမှလည်းကောင်း၊ ဒုတိယဆုကို စောယွာအယ်က ပေါ်ဒိုမှူးမှလည်းကောင်း၊ တတိယဆုကို နော်မေဆုလာဘ်က လည်းကောင်း အသီးသီးဆုများ ရရှိခဲ့ကြကြောင်း သိရသည်။
ထို့နောက် Grade- 6 ကျောင်းသား၊ ကျောင်းသူများက “အနာဂတ်ရေးကိုချီ” သီချင်းအား သီဆို၍အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)