ကရင်ပြည်နယ်

သံတောင်ကြီးဒေသထွက် မင်းကွတ်သီးများ လှိုင်လှိုင်ထွက်ရှိချိန်တွင်ဈေးနှုန်းအနည်းငယ်ကျဆင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ဒေသခံပြည်သူများသည် ဉယျာဉ်ခြံလုပ်ငန်းများဖြစ်သော နှစ်ရှည်ပင်များကို  အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မင်းကွတ်သီးပင်များကို  နှစ်ရှည်ခံပင်များ နှင့်တွဲဖက်၍ တစ်နိုင်တစ်ပိုင်  စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။  မင်းကွတ်ပင်များသည်   စိုက်ပျိုးပြီး (၉)နှစ်ခန့်တွင် အသီးများ စတင်သီးပြီး မိုးဦးကာလဖြစ်သော မေလမှ  သြဂုတ်လအထိ  အသီးသီးကာ အပင်ငယ်တစ်ပင်လျှင် အသီးအလုံးရေ (၁၀၀ မှ ၃၀၀)လုံးအထိလည်းကောင်း၊  အပင်ကြီး တစ်ပင်လျှင် အသီးအလုံးရေ  (၄၀၀ မှ၈၀၀) လုံးအထိ အသီးရှိသည်။ သံတောင်ကြီးဒေသထွက်မင်းကွတ်သီးများယခု လှိုင်လှိုင်ထွက်ရှိချိန်တွင်ဈေးနှုန်း အနည်းငယ်ကျဆင်းကြောင်းသိရသည်။

လှိုင်းဘွဲမြို့နယ်တွင် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်တိုင်းရင်းသားအားလုံးတို့၏ ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်သော ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက လှိုင်းဘွဲမြို့ (က)ရပ်ကွက် အောင်မြင်သာယာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကလေးငယ်များအား ကူးစက်ရောဂါများမှ ကာကွယ်နိုင်ရန် ယမန်နေ့နံနက် ၉ နာရီမှစတင်၍ လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို အမှတ် (၄) ရပ်ကွက်ရှိ တိုက်နယ်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဘားအံမြို့၌ (၄၆) ကြိမ်မြောက် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်.စူး)ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကရင်တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုတစ်ရပ်ဖြစ်သော ချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်.စူး) ပွဲတော် ကိုနှစ်စဉ်နှစ်တိုင်း ကရင်ပြည်နယ် နေရာအနှံအပြားနှင့် ကရင်လူမျိုးများပျံ့နှံ့နေထိုင်ရာ နေရာဒေသအသီးသီးတို့တွင် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပလေ့ရှိရာ ယမန်နေ့နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ (၄၆)ကြိမ်မြောက် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ (လာခုဂ်ခါင်.စူး)ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ချီးမြှင့်

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကျင်းပပြုလုပ်သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဘားအံခရိုင်အတွင်းသို့ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများချီးမြှင့်ပေးအပ်ပွဲသို့ တက်ရောက်၍ ဘားအံခရိုင်အတွင်း ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စု (၉၅၉၀)စု၊  လူဦးရေ(၄၀၂၈၄)ဦးအတွက် ၂၀၂၅ ခုနှစ် ဧပြီ၊မေ၊ဇွန်(၃)လ အတွက် တစ်ဦးလျှင်တစ်လနှစ်သောင်းကျပ်နှုန်းဖြင့် (၃)လစာထောက်ပံ့ငွေကျပ် ၂၄၁၇၀၄၀၀၀ဝိ/-(နှစ်သောင်းလေးထောင်တစ်ရာ့ခုနှစ်ဆယ်သိန်းလေးသောင်းကျပ်)ကို ထောက်ပံ့ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်၌ ၂၀၂၄-၂၀၂၅ ပညာ သင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့ကြသည့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၁)ဦးနှင့် (၃)ဘာသာဂုဏ် ထူးဖြင့်ထူးချွန်စွာအောင်မြင်သည့် ကျောင်းသူ(၁)ဦး စုစုပေါင်း(၁၂)ဦးတို့နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (Grade-11)လူရည်ချွန်ကျောင်းသား(၁)ဦးတို့အား လည်းကောင်း၊ သင်ကြားပြသပေးခဲ့သော ဆရာ၊ ဆရာမများအားလည်းကောင်း ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

မြဝတီမြို့နယ်တွင်ပြည်ဝင်ခရီးသွားစစ်တမ်း(Inbound Tourism Servey)များကောက်ယူရေးလုပ်ငန်းများဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ် ထိုင်းမြန်မာချစ်ကြည်ရေးအမှတ်(၁)တံတား၌ ယမန်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာနမှ နိုင်ငံတကာခရီးသွားဧည့်သည်များ၏ဝိသေသလက္ခဏာရပ်များကို သရုပ်ဖော်ရန်၊ ခရီးစဥ်ဒေသများသို့လာရောက်ရခြင်းရည်ရွယ်ချက်များ၊ ခရီးသွားလာမှုအနေအထား၊ နေထိုင်မှုကာလနှင့်အသုံးစရိတ်ဝန်ဆောင်မှုများအပေါ်စိတ်ကျေနပ်မှုအနေအထားများကိုသိရှိနိုင်စေရန်အတွက် ပြည်ဝင်ခရီးသွားစစ်တမ်း(Inbound Tourism Survey)များ ကောက်ယူခြင်းလုပ်ငန်းအားဆောင်ရွက်ခဲ့ကြသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လှိုင်းဘွဲမြို့နှင့်ဘားအံမြို့ရှိ ယာယီရေဘေးရှောင်ပြည်သူများအား ဆန်ရိက္ခာဖိုးငွေများ ပေးအပ်ချီးမြှင့်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဩဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့နှင့်ဘားအံမြို့ပေါ်ရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများရှိ အိမ်ထောင်စုများအား ဆန်ရိက္ခာဖိုးငွေနှင့် စားသောက်ကုန်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

လိပ်သိုဒေသတွင် အာတာလွတ်ပင်များ စိုက်ပျိုးလျက်ရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ နှစ်တို၊ နှစ်ရှည် သီးနှံပင်များနှင့် စားဖိုဆောင်သီးနှံများကို စိုက်ပျိုးလျက်ရှိကြရာ အာတာလွတ်ပင်များကို အိမ်ခြံဝင်းများနှင့် တောင်ယာခင်းများတွင် စိုက်ပျိုးလျက်ရှိကြကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဘားအံမြို့ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေး၍ ဆန်ရိက္ခာဖိုးငွေများ ပေးအပ်ချီးမြှင့်

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဇူလိုင်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက ဘားအံမြို့ပေါ်ရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေး၍ ဆန်ရိက္ခာဖိုးငွေနှင့် စားသောက်ကုန်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
Subscribe to ကရင်ပြည်နယ်