ကရင်ပြည်နယ်

ဘားအံမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို ဖြေဆို

၂၀၂၆ ခုနှစ်  တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၁) ရက်နေ့တွင် စတင်ဖြေဆိုလျက်ရှိရာ ကရင်ပြည်နယ် ဘားအံမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့တွင် ပေါ်ဦးပေါ်ဖျားဆူးပုတ်ရွက်များ  ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဉယျာဉ်ခြံလုပ်ငန်းများကိုအဓိက လုပ်ကိုင်လျက်ရှိရာ ဒေသခံပြည်သူများသည် မိမိတို့၏ ဉယျာဉ်ခြံများအတွင်းတွင်ဆူးပုတ်ပင်များ စိုက်ပျိုးပြီး တစ်ချို့ဆူးပုတ်ပင်များမှာ သဘာဝအတိုင်းပေါက်ရောက်လျက်ရှိသည်။ယခုအချိန်တွင် အရွက်နုများ စတင်ထွက်ရှိလာပြီး စားသုံးရန်သင့်လျော်ပြီဖြစ်သည့် ပေါ်ဦးပေါ်ဖျားဆူးပုတ်ရွက်များကို ဒေသခံပြည် သူများက  လိုက်လံဆွတ်ခူးရောင်းရာတွင်ဈေးကောင်းရရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့ ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်မှလူငယ်များ တ‌ယောသင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ရှိ ဇိုင်းယာနှစ်ခြင်းအသင်းတော်မှ လူငယ်များက ဦးဆောင်၍ နွေရာသီအားလပ်ရက်များတွင်ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊  လူငယ်များဂီတ ပညာနှင့်ရင်းနှီး ကျွမ်းဝင်မှုရှိစေရန်၊ အားလပ်ချိန်များတွင် အချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ ထူးချွန်ထက်မြက်သည့်လူ ငယ်လူရွယ်များဖြစ်စေရန်အတွက် တယောသင်တန်းကို ယနေ့နံနက် (၈)နာရီတွင် ဇိုင်းယာန်းနှစ်ခြင်း   အသင်းတော်လူငယ်ဓမ္မရိပ်သာတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများ တိုက်ပွဲဖော်ဆောင်မှုများကြောင့် လမ်း၊ တံတား၊ အခြေခံအဆောက်အဦများ၊ ဘာသာရေးအဆောက်အဦများ၊ လူနေရပ်ကွက်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပြီး ယခုအခါ တပ်မတော်က ပြန်လည်ထိန်းချုပ်၍ နည်မြေတည်ငြိမ်အေးချမ်းမှုအားကောင်းလာသည်နှင့်အမျှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မတ်လ ၁၄ ရက်နေ့နေ့လယ်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကြာအင်းပေါ်တော်မူဒေသတွင် တစ်ထပ်ကျောင်းဆောင် သစ်၊ ကြာအင်းပေါ်တော်မူ-ကျားဂူ မိကရင်ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းနှင့် မြေသားတာပေါင် (၃၅၀၀) ပေ ဖွင့်လှစ်

မတ်လ ၂၇ ရက်နေ့တွင်ကျရောက်မည့် (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသေားအားဖြင့် ကြာအင်းပေါ်တော်မူကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း (၁၇၀ပေ x ၆၀ပေ) RCC တပ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ၊ ကြာအင်းပေါ်တော်မူ-ကျားဂူ-မိကရင်ကျေးရွာချင်းဆက်ကွန်ကရစ်လမ်း(၂၁၅၀)ပေနှင့် မြေသားတာပေါင်(၃၅၀၀)ပေ ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

မြဝတီမြို့တွင် မီးဘေးအန္တရာယ်ကင်း​ရှင်းရေး နှိုးဆော်ဆောင်ရွက်

ကရင်ပြည်နယ်၊မြဝတီမြို့တွင် ပွင့်လင်းရာသီ၌ မီးဘေးအန္တရာယ်ကင်း​ရှင်း​စေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာယမန်နေ့ ည ၇ နာရီအချိန်၌ ခရိုင်မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဖြိုးမင်းဇော်ကြီးကြပ်၍ မြို့နယ် မီးသတ် ဦးစီးမှူး ဦးကျော်ဇင်ဝင်း ဦးဆောင်ကာ မီးသတ်တပ်ဖွဲ့ဝင်များက အမှတ်(၄)ရပ်ကွက် နေပြည်သူများအား မီးဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိ၊ သတိရှိစေရေးအတွက် လိုက်လံနှိုးဆော်ခဲ့ကြသည်။

ဘားအံမြို့  မြို့မဈေးကြီး၌ မီးဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

ကရင်ပြည်နယ် ဘားအံမြို့တွင် ဈေးများ မီးလောင်မှုမဖြစ်ပွားရေး၊ မီးလောင်မှုများ ဖြစ်ပွားလာပါက ထိရောက်လျင်မြန်စွာ မီးငြှိမ်းသတ်နိုင်ရန် ရွည်ရွယ်၍ မိးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်မှုအား ယနေ့နံနက် ၈ နာရီက ဘားအံမြို့ မြို့မဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပူပြင်းခြောက်သွေ့သော နွေရာသီကာလရောက်ပြီဖြစ်၍ မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေးနှင့် ဌာနဆိုင်ရာအဆောက်အဦးများ မီးဘေးအန္တရာယ်လုံခြုံစေရေး ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်း (၁၀)နာရီအချိန်က ဘားအံမြို့နယ်၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြိုင်ကြီးငူဒေသရေပေးဝေရေးနှင့် သစ္စာအေးမြိုင်ကျေးရွာမှ ကျောက်စာကွင်းမုဒ်ဝထိ ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

(၈၁)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ကရင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်သော လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသ ရေပေးဝေရေးနှင့် သစ္စာအေးမြိုင်ကျေးရွာမှ ကျောက်စာကွင်းမုဒ်ဝထိ ကွန်ကရစ်လမ်း (၂၀၃၃)ပေဖွင့်ပွဲကို မတ်လ ၁၂ ရက်နေ့နံနက်ပိုင်းက ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဘားအံမြို့၌ မီးလောင်ကျွမ်းမှု Hotspots အရေအတွက် လျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေး အသိပညာပေး

ကရင်ပြည်နယ် ဘားအံမြို့၌ တောမီးနှင့်အခြားမီးများကြောင့် လောင်ကျွမ်းမှုအရေအတွက်များနေခြင်းအားလျှော့ချနိုင်ရေးအတွက် ပြည်နယ်အဆင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး လုပ်ငန်းအဖွဲ့ဝင်များက မတ်၁၀ရက် နံနက်ပိုင်း၌ မိဇံတိုက်နယ်အတွင်း ပေါ့ထော်ကျေးရွာ၊ မိဇံကျေးရွာနှင့် စံဖရီးကျေးရွာများသို့ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်