ကော့ကရိတ် မတ် ၁၁
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့နံနက် ၉ နာရီက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖြေဆို ကြရာ ကရင်ပြည်နယ် ကော့ကရိတ်မြို့၊ အထက-၂ စာစစ်ဌာနတွင်လည်း တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား ဝင်ရောက်ဖြေဆိုသူ ကျောင်းသူ၊ကျောင်းသား (၁၃၇)ဦး ရှိကြောင်း သိရသည်။
အထက-၂ စာစစ်ဌာနတွင် ကော့ကရိတ်မြို့နယ်အတွင်းရှိ အထကကျောင်း၊ အထက(ခွဲ)ကျောင်းများမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၄၄)ဦးဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားပြီး ယနေ့မြန်မာစာဘာသာရပ်ကို ဖြေဆိုသူကျောင်းသား ၄၀ နှင့်၊ ကျောင်းသူ(၉၇)ဦး၊စုစုပေါင်း(၁၃၇)ဦး၊ ပျက်ကွက်သူကျောင်းသားကျောင်းသူ (၇)ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် (၉၅) ရာခိုင်နှုန်းရှိပါကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)