ကြာအင်းဆိပ်ကြီး မတ် ၁၁
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့၌ ပြည်သူများအနေဖြင့် စက်သုံးဆီချွေတာရေး၊ စက်သုံးဆီချွေတာခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးလမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံ၊ သိပ္ပံလမ်းဆုံနေရာတို့၌ ကြာအင်းဆိပ်ကြီးမြို့ စစ်ဗျူဟာ(အခြေချ) စစ်ဗျူဟာမှူး၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများက အများပြည်သူများ လေ့လာသိရှိပြီး အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါအသိပညာပေး လက်ကမ်းစာစောင်တွင် စက်သုံးဆီချွေတာရေး၊ စက်အင်ဂျင်ဆီစား သက်သာစေရန် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ စက်သုံးဆီချွေတာရေးလမ်းညွှန်ချက်များ၊ စက်သုံးဆီချွေတာရေးနှင့် ကားပြုပြင်ထိန်းသိမ်းရေးလမ်းညွှန်တို့ ပါဝင်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)