သံတောင်ကြီး မတ် ၁၁
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ခုနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ်ကို ယနေ့နံနက်(၉)နာရီက စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က ဘုရင့်နောင်စာစစ်ဌာနှင့် အ.ထ.က လိပ်သိုစာစစ်ဌာနတို့ ဖွင့်လှစ်ထားရှိပြီး အ.ထ.က ဘုရင့်နောင်စာစစ်ဌာနတွင် ကျောင်းသား(၃)ဦး၊ ကျောင်းသူ(၇)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၁၀)ဦး ဝင်ရောက်ဖြေဆိုပြီး လိပ်သိုစာစစ်ဌာနတွင် ကျောင်းသား(၁၇)ဦး၊ ကျောင်းသူ (၄၆)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၆၃)ဦး၊ သံတောင်ကြီးမြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၇၃)ဦးမှာ စာမေးပွဲကို အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နော်နော်မူ