သံတောင်ကြီး မတ် ၉
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိစေရှိစေရန်၊ လူငယ် လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန်ရည်ရွယ်၍ Book Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာဒေါက်တာအေးကျော်(ဇီဝကမ္မဗေဒ)၏ ပတ်ဝန်းကျင်နှင့် ကျန်းမာရေးစာအုပ်အား ယမန်နေ့မွန်းလွဲ(၂) နာရီက သံတောင်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး Book Club အဖွဲ့ဝင် နော်ယွာအော်က စာအုပ်ပါအကြောင်းအရာခေါင်းစဉ်ငယ်များဖြစ်သည့် ပတ်ဝန်းကျင်နှင့်ကျန်းမာရေး၊ ကျန်းမာရေးနှင့်ညီညွှန်သောရေ၊ ကျန်းမာရေးနှင့်ညီညွှန်သောလေ၊ လေဝင်လေထွက်ကောင်းမွန်မှု စသည့်အကြောင်းအရာများအား ဆွေးနွေးဆောင်ရွက်သည်။
ဆက်လက်ပြီး Youth Club အဖွဲ့ဝင် စောဒိုစိုးက ဓာတ်ရောင်ခြည်၊ မိုးလေဝသ၊ နေအိမ်အဆောင် အအုံ၊ အမှိုက်သရိုက်နှင့်အညစ်အကြေးများ စွန့်ပစ်ခြင်းစသည့် အကြောင်းအရာများ ဖတ်ကြားဆွေေးနွေးပြီး တက်ရောက်လာသော Book Club/Youth Club အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများအား ဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါ စာရေးဆရာ ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)၏ ပတ်ဝန်းကျင်နှင့်ကျန်းမာရေးစာအုပ်ကို ဖတ်ရှိုခြင်းဖြင့် ကျန်းမာရေးနှင့်ဆိုင်သောအသိပညာဗဟုသုတများရရှိစေခြင်း၊ ကျန်းမာအောင် မည်သို့နေထိုင်သွားလာရမည်ကိုပို၍သိရှိလာခြင်း စသည့်အကျိုးကျေးဇူးများရရှိစေသည်။
နော်နော်မူ