ကော့ကရိတ်မြို့တွင် ခရိုင်အဆင့်ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ကော့ကရိတ် မတ် ၁၀

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့တွင် ခရိုင်အဆင့်ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်က ဌာနဆိုင်ရာများအနေဖြင့် မိမိတို့၏သက်ဆိုင်ရာ လုပ်ငန်းစီမံချက်များရေးဆွဲတင်ပြရန်၊  ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြရန်၊  ပေးအပ်သောလုပ်ငန်းတာဝန်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်၊ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအလေးထားဆောင်ရွက်ပေးရန်၊ နွေရာသီပူပြင်းလာပြီဖြစ် သောကြောင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်၊ အခက်အခဲတစ်စုံတစ်ရာဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ အသိပေးဆောင်ရွက်ကြရန် ဆွေနွေးပြောကြားခဲ့ပြီး ဌာနဆိုင်ရာများက ဌာနအလိုက်လုပ်ငန်းဆောင်ရွက်ချက်များကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)