ဘားအံ မတ် ၁၁
ကရင်ပြည်နယ် ဘားအံမြို့တွင် ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အခြေခံကွန်ပျူတာပညာရပ်သည် လူငယ်လူရွယ်များအတွက်များစွာ အကျိုးဖြစ်ထွန်းစေပြီး အခြေခံတတ်မြောက်ခြင်းမှသည် ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်သည်အထိ ပညာရေးနယ်ပယ်၊ လုပ်ငန်းခွင်နယ်ပယ်များတွင် အထောက်အကူပြုနိုင်ရန်ရည်ရွယ်၍ အခြေခံကွန်ပျူတာသင်တန်း (၁/၂၀၂၆)ကို ဘားအံခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက သင်တန်းဆိုင်ရာကိစ္စရပ်များ၊ စည်းမျဉ်းစည်းကမ်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာမ ဒေါ်ပိုးအိဖြူ(တွဲဖက်ပါမောက္ခ)က သင်တန်းတွင်သင်ကြားပေးမည့် ကွန်ပျူတာဆိုင်ရာသိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို မတ်(၁၀)ရက်မှ (၃၁)ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၂၅)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)