လှိုင်းဘွဲမြို့နယ်တွင် အစိုးရပါဠိ ပထမပြန်စာမေးပွဲ စာအောင်လက်မှတ်နှင့်စာအောင်ဆုချီးမြှင့်သည့် စူဠဆုနှင်းသဘင် အခမ်းအနားကျင်းပ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူကြသည့် စာအောင်သံဃာတော်များအား စာအောင်လက်မှတ်နှင့်စာအောင်ဆုများ ဆက်ကပ်ချီးမြှင့်သည့် စူဠဆုနှင်းသဘင်အခမ်းအနားကို ယနေ့မွန်းလွဲ(၁) နာရီက မြို့မပရိယတ္တိ စာသင်တိုက်၌ ကျင်းပခဲ့သည်။