ဘားအံမြို့တွင် သံလွင်မြစ်ရေပြန်လည်ကျဆင်းပြီးဖြစ်၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်လာသည့်အတွက် ဘားအံမြို့၏ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက် ၉၃၅ စင်တီမီတာအထိမြင့်တက်၍ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ ယခုအခါ သံလွင်မြစ်ရေသည် ၈၃၀ စင်တီတာ အောက်သို့ပြန်လည်ကျဆင်းနေပြီဖြစ်၍ ရေကြီးနစ်မြုပ်ခဲ့သော ကမ်းနားလမ်းတစ်လျှောက်နှင့် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ရပ်ကွက်များတွင် ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။