သံတောင်ကြီးမြို့ ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်မှလူငယ်များ တ‌ယောသင်တန်းဖွင့်လှစ်

သံတောင်ကြီး မတ် ၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ရှိ ဇိုင်းယာနှစ်ခြင်းအသင်းတော်မှ လူငယ်များက ဦးဆောင်၍ နွေရာသီအားလပ်ရက်များတွင်ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊  လူငယ်များဂီတ ပညာနှင့်ရင်းနှီး ကျွမ်းဝင်မှုရှိစေရန်၊ အားလပ်ချိန်များတွင် အချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ ထူးချွန်ထက်မြက်သည့်လူ ငယ်လူရွယ်များဖြစ်စေရန်အတွက် တယောသင်တန်းကို ယနေ့နံနက် ၈ နာရီတွင် ဇိုင်းယာန်းနှစ်ခြင်း   အသင်းတော်လူငယ်ဓမ္မရိပ်သာတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ဦးစွာ တယောသင်တန်းဆရာ ဦးစောစိုးယွာမူးက တယောတီးခြင်းကို အခြေခံတတ်ကျွမ်းစေရန် သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းတက်ရောက်သူများမှ အားလပ်ချိန်န်များတွင် လေ့ကျင့်ကြရန်နှင့်အနုပညာကို ချစ်ခင်မြတ်နိုးပြီးနိုင်ငံအတွက် တစ်တောင့်တစ်နေရာမှာ ပါဝင်ဆက်ကပ်နိုင်သောသူများဖြစ် စေရန်ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အသင်းတော်မှာရှိတဲ့လူငယ်များဂီတနဲ့ပတ်သက်တဲ့ တူရိယာပစ္စည်းမျိုးစုံကို တတ်ကျွမ်းစေဖို့နဲ့ နွေရာသီအားလပ်တဲ့ရက်တွေမှာ ဂီတပညာတစ်ခုခုကို ပိုင်ပိုင်နိုင်နိုင်ကျွမ်းကျင်စွာ တီးခတ်တတ်နိုင်ဖို့၊ ဂီတနဲ့ပတ်သက်ပြီး ထူးချွန်ထက်မြက်တဲ့လူငယ်တွေမွေးထုတ်နိုင်ဖို့အတွက် တယောသင်တန်းကိုဖွင့်လှစ်ပေးပြီးနောက်ပိုင်းတွင်လည်းအခြားဂီတနှင့်ပတ်သက်သည့်သင်တန်းများကိုဖွင့်လှစ်သင်ကြားပါ့မယ်”ဟုလူငယ်အတွင်းရေးမှူးဦးစောလူဘွေဒို ထံက သိရသည်။

အဆိုပါတယောသင်တန်းတွင် တယောနည်းပြသင်တန်းဆရာ(၁)ဦးက သင်ကြားပေးမည်ဖြစ်ပြီး  သင်တန်းသူ၊ သင်တန်းသား(၄၅)ဦးတက်ရောက်ကာ သင်တန်းကာလ တစ်လကြာမြှင့်မည်ဖြစ်ကြောင်း သိရသည်။

နော်နော်မူ