ဘားအံ မတ် ၁၆
ကရင်ပြည်နယ်၊ ဘားအံမြို့၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်များက ဘားအံမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ယနေ့နေ့လယ်ပိုင်းတွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်အားဝင်ရောက်ဖြေဆိုသည့် ကျောင်းသား ကျောင်းသူများ စာဖြေချိန်အပြီးတွင်သွားရောက်၍ အာဟာရပြည့်အချိုရည်များ လိုက်လံဝေငှကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်တွင် စတင်ကျင်းပခဲ့ရာ ယနေ့တွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
ကရင်ပြည်နယ်အတွင်း ခရိုင် မြို့နယ်စာစစ်ဌာနများ၌ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်အား ဖြေဆိုရန်စာရင်းသွင်း အရေအတွက်မှာ ခရိုင်ပေါင်း(၆)ခရိုင်၊ မြို့နယ်ပေါင်း(၇)မြို့နယ်၊ စာစစ်ဌာနပေါင်း(၁၂)ဌာနတို့၌ကျောင်းသား(၁၂၉၁)ဦး၊ ကျောင်းသူ(၂၅၄၉)ဦး၊ စုစုပေါင်း(၂၄၇၀)ဦးဖြစ်ပြီး ဖြေဆိုမှုအခြေအနေမှာ ကျောင်းသား(၁၁၈၇)ဦး၊ ကျောင်းသူ(၂၄၇၀)ဦး၊ စုစုပေါင်း(၃၆၅၇)ဦးဖြစ်သဖြင့်ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား ကျောင်းသူရာခိုင်နှုန်းမှာ ၉၅. ၂၃ ရာခိုင်နှုန်းဖြစ်ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူတက္ကသိုလ်ဝင်စာမေးပွဲကို ခရိုင်(၁)၊ မြို့နယ်(၁)၊ စာစစ်ဌာန(၂)ဌာနစာရင်းရှိ ကျောင်းသား(၇၀)ဦး၊ကျောင်းသူ(၄၂)ဦး၊ စုစုပေါင်း(၁၁၂)ဦးဖြစ်ပြီး ဖြေဆိုသူမှာ၁၀၀ ရာခိုင်နှုန်းရှိကြောင်းသိရသည်။
ပြည်နယ် (ပြန်/ဆက်)