ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံစားပွဲတင်တင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်း အနားကျင်းပ
၂၀၂၅ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလားဌာနပေါင်းစုံ အမျိုးသားစားပွဲတင် တင်းနစ်ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းအချိန်မှ စတင်ယှဉ်ပြိုင် ကစားခဲ့ကြပြီး ဆုရရှိသည့် ကစားသမားများအား ဆုများပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်းအချိန်က ကရင်ပြည်နယ် ဘားအံမြို့ လူငယ်စင်တာစားပွဲတင်တင်းနစ် အားကစားခန်းမ၌ ပြုလုပ်ခဲ့သည်။