လိပ်သိုဒေသရှိ ကျေးရွာများတွင် သဘာဝအလျောက် ပေါက်ရောက်နေသော ရာသီစာဇရစ်ရိုးများ ချိုးယူရောင်းချ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် အေးမြစိုစွတ်သော တောင်ပေါ်ဒေသဖြစ်ခြင်းကြောင့် စိမ့်စမ်းရေများမှဖြစ်ပေါ်လာသော စမ်းချောင်းများဘေးတွင် သဘာဝအလျောက် ပေါက်ရောက်နေသော ရာသီစာဇရစ်ရိုးပင်များကို ကျေးရွာအများစုမှ ဒေသခံများက ချိုးယူရောင်းချကာ မိသားစု အပိုဝင်ငွေရလျက်ရှိနေကြောင်း သိရသည်။