ကရင်ပြည်နယ်

ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် လူငယ်ရေးရာနှင့် ပတ်သက်သော အကြောင်းအရာများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် ပညာရေးစုံညီပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

အခြေခံပညာကဏ္ဍတွင် ပညာရည်မြင့်မားပြီး ကျန်းမာကြံ့ခိုင်၍ အကျင့်စာရိတ္တကောင်းမွန်သော ဘက်စုံထူးချွန်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန် ကရင်ပြည်နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူ(လွန်)နောင်ခလုံးကျောင်း၌ အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ် စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ နောင်ခလုံကျေးရွာအုပ်စု နောင်ခလုံးကျေးရွာရှိ မူ(လွန်)နောင်ခလုံးကျောင်း၌ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများပြသခြင်းကို ဇန်နဝါရီလ ၁၅ ရက်နေ့က နည်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

မြဝတီမြို့ အ.ထ.က ခွဲ (၃) ၌ ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ပညာရေးစုံညီပွဲတော် ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းခွဲ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန် ဆုချီးမြှင့်ပွဲနှင့်ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်းဝင်း၌ ကျင်းပသည်။

ရှမ်းရွာသစ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/ သူလူငယ်လေးများ ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ ယမန်နေ့က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာပေများပုံမှန်ငှားရမ်းပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် ရုံးဖွင့်ရက်များအတွင်းတွင် ယနေ့နံနက်(၉)နာရီမှ ညနေ ၄ နာရီခွဲအထိ စာအုပ်စာစောင်၊ ရသ၊ ဗဟုသုတရရှိစေသည့်စာအုပ်များကို ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နေ့လယ်(၁၂) နာရီကျောင်းဆင်းချိန်နှင့် ညနေ ၃နာရီခွဲကျောင်းဆင်းချိန်များတွင် ကျောင်းသား/ကျောင်းသူများက စာကြည့်တိုက်တွင်းသို့ စာအုပ်/စာစောင်များလာရောက်ငှားရမ်း ဖတ်ရှုလျက်ရှိကြောင်း သိရသည်။

ဘားအံမြို့ မြို့မဈေး၌ ဈေးမီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်

မြန်မာနိုင်ငံတွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာမှုနှင့်အတူ မီးလောင်မှုများလည်း ဒေသအနှံ့အပြား၌ မကြာခဏ ဖြစ်ပေါ်လျက်ရှိရာ ကရင် ပြည်နယ် ဘားအံမြို့နယ်တွင်‌ဈေးမီးလောင်မှု မဖြစ်ပွားစေရန်နှင့် မီးလောင်မှုဖြစ်ပွားလာပါက ထိရောက်လျှင်မြန်စွာ မီးငြှိမ်းသတ်နိုင်ရေးအတွက် ဈေးမီးငြှိမ်းသတ်ရေး သဏ္ဍာာန်တူ ဇာတ်တိုက်လေ့ကျင်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက ဘားအံမြို့နယ် မြို့မဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင့် သိရသည်။

နည်းပညာတက္ကသိုလ်(ဘားအံ) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆို

ကရင်ပြည်နယ်၊ နည်းပညာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက် ၉ နာရီခွဲက ဘားအံမြို့၊ အဆိုပါတက္ကသိုလ်ခန်းမ၌ ကျင်းပသည်။

ကော့ကရိတ်မြို့၌ မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်း ဆယ်အိမ်စုမှူးသင်တန်း ကျင်းပပြုလုပ်

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဆယ်အိမ်စုမှူးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈:၃၀အချိန်က ကော့ကရိတ်ခရိုင် ပြည်သူ့ဆေးရုံ (တိုးချဲ့ဆောင်)၌ ပြုလုပ်ကျင်းပသည်။

ရှမ်းရွာသစ်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင်ကျောင်းသူ/ကျောင်းသားများ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာအသိပညာပေး အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးလုပ်ငန်းကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်